Latest Movie :

Stardust (2007) မြန်မာစာတန်းထိုး



Wall လို့ခေါတဲ့ English ရွာလေးတရွာမှာ လျှိုဝှက့်ချက်တခုရှိပါတယ် ရွာအစွန်ကတံတိုင်းအရှည်ကြီးရဲ့တဖက်ကမ်းမှာ မှော်အတတ်တွေ စုန်းကဝေတွေ ထူးခြားဆန်းကြယ်မှုတွေ
ပြည့်နှက်နေတဲ့ Stormhold တိုင်းပြည်ကြီးရှိပါတယ်။ အဲဒီရွာလေးက မိခင်မဲ့ Tristan Thorn လို့ခေါတဲ့လူငယ်လေးတယောက်ဟာ တခြားတယောက်နဲ့အပြိုင် Victoria
ဆိုတဲ့ကောင်မလေးကိုသဘောကျနေပြီး သူ့ရဲ့အချစ်ကိုရဖို့ကြိုးစားတဲ့အချိန်မှာတော့ Victoria က သူတို့၂ယောက်ထဲထိုင်နေချိန် ကြယ်ကြွေတာမြင်တော့ နင်ငါကိုတကယ်ချစ်ရင်
အဲ့ကြယ်ကြွေကိုရအောင်ယူပြီး ၇ရက်အတွင်းပြန်လာရင် (မဟုတ်ရင်သူများနဲ့ယူတော့မှာပါ) လက်ထက်မယ်လို့ပြောတဲ့အတွက် အချစ်ရုး Tristan ကကြယ်ကြွေရာ
Stormhold နယ်ထဲကိုသွားဖို့ကြံပါတော့တယ်...အဲအချိန်မှာပဲကြယ်ကြွေတဲ့နေရာမှာ ကြယ်မဟုတ်ပဲ ကောင်းကင်ကမတော်မဆပြုတ်ကျလာတဲ့ နတ်သမီးတပါး Yvaine ဖြစ်နေပါတယ်
အဲဒီကြယ်ကိုလိုချင်တဲ့လူတွေကတော့ Tristan တယောက်ထဲမဟုတ်ပါဘူး Stormhold ကစုန်းမသုံးယောက်ကလည်း ကြယ်ကြွေသားစားရင် နုပျိုတဲ့အတွက် လိုက်ရှာပါတယ်၊
Stormhold ဘုရင်ကလည်းသေခါနီး သူ့နေရာကို ထီးနန်းအပြိုင်လုတယောက်နဲ့တယောက် လုပ်ကြံနေကြတဲ့ ညီအကို၇ယောက်ထဲကနောက်ဆုံး ၂ယောက်ကို
ထီးနန်းလိုချင်ရင် အဲဒီကျသွားတဲ့ကြယ်ကြွေကိုယူခဲ့ဆိုတော့ အဲဒီမင်းသား၂ယောက်ကလည်းအပြိုင်လိုက်ရှာကြပါတော့တယ်..
အဲလိုအပြိုင်ရှာဖွေရင်းနဲ့.....
Tristan ကပဲဘယ်လိုအခက်အခဲတွေရင်ဆိုင်ရရှိပြီး ၇ရက်အတွင်းအမှီပြန်နိုင်မလား.....
စုန်းမသုံးယောက်ထဲကတယောက်ပဲမှော်အတတ်တွေသုံးပြီး Yvaine ကိုရသွားမလား.......
မင်းသား၂ယောက်ထဲကဘယ်သူများကြိုးစားရှာဖွေပြီးရမလဲ...............ဆိုတာကို
ဇာတ်လမ်းမြုပ်ကွက်လေးတွေ မထင်မှတ်ပဲဖြစ်နိုင်တာလေးတွေကို စိတ်ကူးယဉ်ဆန်ဆန်ပုံဖော်ရိုက်ကူးထားတဲ့ စွန့်စားခန်းအချစ်ကားတစ်ကားပါ။
ကျတော်အရမ်းကြိုက်တဲ့ဇာတ်ကားတကားဆိုရင်လည်းမမှားပါဘူး

Translated by : Alice
Encoded by : Invoker

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger