Latest Movie :

Scooby Doo-2 : Monsters Unleashed(2004)


ဒီဇာတ်ကားဟာ Scooby Doo(2002)ဇာတ်ကားရဲ့အဆက်ပါပဲ ဇာတ်ကားအမျိုးအစားကတော့ ထုံးစံအတိုင်း Comedy,Horrorပါ ဒီဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် Coolsvilleမြို့ရဲ့ နာမည်ကျော်လူငယ်စုံထောက်အဖွဲ့ Mystery Incဟာ သူတို့ဖြေရှင်းသမျှ အမှုတိုင်းက အောင်မြင်နေခဲ့ပါတယ် ဒါကြောင့်သူတို့ ဖြေရှင်းခဲ့ဘူးတဲ့ တရားခံတွေရဲ့ချပ်ဝတ်တန်ဆာ အဝတ်အစားတွေကို Coolsvilleမြို့ပြတိုက်ဖွင့်ပွဲမှာ လှူဒါန်းခဲ့ပါတယ် ထိုပြတိုက်ဖွင့်ပွဲကို Scoobyတို့ ရဲ့Mystery Incက တက်ရောက်လာခဲ့ချိန်မှာပဲ Velmaကလည်း သူချစ်တဲ့သူ Patrick Wisleyကိုတွေ့ဆုံမိခဲ့ပါတယ် တစ်ချိန်တည်းမှာပဲ ပြတိုက်ထဲက ရှုးပျံတစ္ဆေဝတ်စုံဟာ အသက်ဝင်လာပြီး ပြတိုက်ဖွင့်ပွဲကို ဖျက်ဆီးပါတော့တယ် ဒီကြားထဲ Shaggyနဲ့Scoobyတို့ရဲ့ အလွဲလွဲအချော်ချော်လုပ်ရပ်တွေကြောင့် Mystery Incက အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ရပါတယ် နောက်ပိုင်းမှာ ဒီထက် ဆိုးဝါးလာပြီး ပြတိုက်ထဲက ချပ်ဝတ်တန်ဆာ အကုန်လုံးကိုပါ အမည်မသိ မျက်နှာဖုံးစွပ်ပိုင်ရှင်ရဲ့ ခိုးယူမှုကိုပါ ခံလိုက်ရပါတယ် သူတို့အနေနဲ့ ပထမဦးဆုံး သံသယဝင်မိတာကတော့ သူတို့ကို မုန်းတီးနေတဲ့ အဘိုးအိုWicklesပါ နောက်ဒုတိယ သံသယ သားကောင်ကတော့ ရှုးပျံတစ္ဆေကို ဖန်တီးတဲ့သူ Jonathan Jacoboတဲ့ ဒီလို အထိကရုန်းတွေထဲမှာ Scoobyတို့ရဲ့အဖွဲ့ကို ပုဂ္ဂိုဟ်ရေးဘက်ကနေ စွက်ဖက်တိုက်ခိုက်နေတဲ့ သတင်းထောက်မ Heather Jasper-Howကလည်း သံသယဝင်စရာကောင်းနေပါတယ် တစ်ဖက်မှာလည်း Velmaချစ်နေမိတဲ့ Patrickရဲ့လုပ်ရပ်တစ်ချို့ကလည်း သံသယမကင်းစရာပါ နောက်ဆုံးမှာ ခိုးယူခံလိုက်ရတဲ့ ချပ်ဝတ်တန်ဆာတွေက တကယ့်မကောင်းဆိုးဝါးအစစ်တွေ အနေနဲ့ပြန်ရောက်လာတဲ့အခါမှာတော့...။ ဒီလို သံသယဖြစ်စရာ တွေပါဝင်နေတဲ့ ဒီအမှုမှာ ဘယ်သူက ဒီပြဿနာတွေကို ဖန်တီးနေတဲ့ မျက်နှာဖုံးစွပ်ပိုင်ရှင်လဲ? ကဲ!Scoobyတို့ရဲ့ Mystery Incအဖွဲ့နဲ့အတူ အောက်ကlinkအတိုင်းဒေါင်းပြီး အဖြေရှာလိုက်ရအောင်

Translated by : Aung Sid Thway
Encoded by : Invoker
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger