Latest Movie :

My Big fat Greek wedding (2016) မြန်မာစာတန်းထိုး



My Big fat Greek wedding (2016) မြန်မာစာတန်းထိုး

 imdb rating 6.1/10
   
 Supersunday မှာ မိသားစု ပျော်ပျော်ရွှင်ရွှင်ကြည့်လို့ အဆင်ပြေမယ့် ဟာသကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ရပါတယ်.။ 

ေ  ပါ့ပေါ့ပါးပါး ဖျော်ဖြေရေးဟာသဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ My Big fat greek wedding ဟာ Toula ဆိုတဲ့အမျိုးသမီးတစ်ဦးရဲ့ မိသားစုဘ၀အကြောင်း ဟာသရသမြောက်စွာ ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ သူမရဲ့ခင်ပွန်းဟာ ကျောင်းအုပ်တစ်ယောက်ဖြစ်ပြီး သူတို့မှာ သမီးလေးတစ်ယောက်ရှိပါတယ်။ သူမမှာ ဘုရင်ကြီးအလက်ဇန်းဒါးရဲ့ မျိုးဆက်လို့ ကိုယ့်ဘာသာသေချာနေတဲ့ အဖေ ဂတ်စ် လည်းရှိပြီး
သူဟာ တစ်နေ့မှာ သူ့မျိုးဆက်ကိုအတည်ပြုဖို့ အင်တာနက်မှာလျှောက်လွှာတင်ဖို့အတွက် စာရွက်စာတမ်းတွေရှာဖွေရာမှာ သူ့လက်ထပ်စာချုပ်ကို
ပြန်ကြည့်မိရာက သူနဲ့သူ့ဇနီးကိုလက်ထပ်ပေးခဲ့တဲ့ဘုန်းတော်ကြီး လက်မှတ်ထိုးမထားတာကိုတွေ့ရှိခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ (ဘုရင်ကြီးရဲ့မျိုးဆက်ပီပီ)
အရာရာကိုတရားဝင်လုပ်ချင်တဲ့ ဂတ်စ်ဟာ အနှစ် ၅၀ ကြာပြီးတဲ့နောက်သူ့ဇနီးကိုထပ်မံလက်ထပ်ဖို့ ချစ်ရေးပြန်ဆိုပါတော့တယ်။
ထုံးစံအတိုင်းအလွဲတွေ အမှားတွေကြားထဲက ရိုးမသွားနိုင်မယ့်အချစ်စစ်အကြောင်းကို လှလှပပတင်ပြထားတဲ့ဇာတ်လမ်းလေးပါ။   အချစ်နဲ့ဘ၀မှာ ဟောင်းနွမ်းသွားတယ်ဆိုတာမရှိတဲ့အကြောင်း.. ဘ၀ရဲ့ လက်တွဲဖော်ကို ရွေးချယ်ပြီးတဲ့အခါ တစ်သက်လုံးဆိုးတူကောင်းဘက်အဖြစ် လက်တွဲချစ်မြတ်နိုးသွားရမယ့်အကြောင်းကို ရသမြောက်စွာ ကြည့်ရှုခံစားကြရမှာပါ။


Review ကို - ကိုအောင်သူ( Scarlet Phoenix) ခံစားရေးသားပေးထားပါတယ်.။
Encode by: Mg Moe Tain 


Watch & Download Here 720P HD 800MB
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger