Latest Movie :

သွေးစုတ်ဖုတ်ကောင်တစ်ကောင်ရဲ့ ဖြောင့်ချက် (သို့မဟုတ်)Interview with the vampire မြန်မာစာတန်းထိုး


Twilight trilogy လို vampire အချစ်ကားတွေ ခေတ်မစားခင်က အရင်ထွက်ခဲ့တဲ့ romantic horror ဇာတ်လမ်းအမျိုးအစားလေးပါ။ Brad Pitt နဲ့ Tom Cruise တို့အခုလို လျှမ်းလျှမ်းတောက်မအောင်မြင်ခင်က သူတို့နာမည်တစ်လုံးရလာဖို့ အပြိုင်အဆိုင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ဒီမင်းသားနှစ်ယောက်ဆိုမှတော့ သရုပ်ဆောင်ပိုင်းကိုညွှန်းစရာဘယ်လိုတော့မလဲနော်။ သတင်းသမားတစ်ယောက်က အနှစ် ၂၀၀ သက်တမ်းရှိနေတဲ့ vampire တစ်ယောက်လို့ ကိုယ့်ဘာသာဝန်ခံထားတဲ့သူကို တွေ့ဆုံမေးမြန်းခြင်းနဲ့ ဇာတ်အိမ်ဖွဲ့ထားပါတယ်။ ၁၈ ရာစုအစောပိုင်းက လူချမ်းသာတစ်ယောက်။ သူ့ဇနီးနဲ့မွေးကင်းစကလေးသေဆုံးပြီးတဲ့နောက်မှာ အသက်ရှင်ချင်စိတ်ကင်းမဲ့နေခဲ့တယ်။ ဒီအချိန်မှာ Vampire တစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းခံရပြီး သူ့ရဲ့မကျေနပ်ချက်တွေကြောင့်ပဲ vampire တစ်ကောင်အဖြစ် ကျေကျေနပ်နပ်အသွင်ပြောင်းယူခဲ့တယ်။ လူတွေကိုမသတ်ပဲ တိရစ္ဆာန်သွေးကိုသောက်ရင်း နာကျင်မှုတွေနဲ့အသက်ရှင်နေတဲ့သူဟာ နယူးအော်လင်းရဲ့ လမ်းတွေပေါ်ဦးတည်ရာမဲ့လျှောက်သွားနေရင်းကပဲ မိခင်ဆုံးသွားတဲ့ မိန်းမငယ်တစ်ဦးနဲ့တွေ့ခဲ့ရတဲ့အခါ ဘဝမှာရှင်သန်စရာရည်ရွယ်ချက်တချို့ပြန်ပေါက်ဖွားလာရပြန်ပါတယ်။ တချို့သော ဘဝတွေဟာ ရွေးချယ်စရာရှိခဲ့ပေမယ့် တချို့တွေမှာတော့ ဖြစ်လာတာကိုလက်ခံလိုက်ရုံကလွဲပြီး ရွေးချယ်စရာမရှိခဲ့ပုံကို Anne Rice ရဲ့ အရောင်းရဆုံးဝတ္ထုကနေအခြခံပြီး ရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ Drama ဆိုလို့လည်း ဇာတ်လမ်းကြီးက လေးလေးကြီးဖြစ်မနေပဲ အနိမ့်အမြင့်အတက်အကျတွေနဲ့ ပရိသတ်ကို ဆွဲဆောင်ထားနိုင်တဲ့ကားပါ။ R rated ဖြစ်လို့ sex scene၊ violence scene အချို့ပါပေမယ့် rotten tomatoes က audience meter မှာ 86% ထောက်ခံမှုရရှိထားတာကြောင့် drama, action, horror ပေါင်းစပ်ထားတဲ့ဇာတ်ကားကောင်းကောင်းကို ခံစားချင်တဲ့ Gold Channel ပရိသတ်တွေဆိုရင် မလွဲမသွေ အကြိုက်တွေ့မယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါကြောင်း။

Review By : Scarlet Phoenix
Translated by : Bommy Chan
Encoded by : Invoker

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger