Latest Movie :

Hellraiser 3: Hell on Earth မြန်မာစာတန်းထိုး


အကျင့်​ခပ်​ပျက်​ပျက်​ Night club ပိုင်​ရှင်​တစ်​​ယောက်​ဟာ ထူးဆန်းတဲ့ရုပ်​တုတစ်​ခုကို ဝယ်​လာမိပါတယ်​။ အဲဒီအရုပ်​မှာပဲ puzzle box က​လေးတစ်​ခုပါလာပြီး အဲဒီBox က​လေးဟာ ပိုင်​ဆိုင်​သူကို နာကျင်​မှု​ရော ​ကျေနပ်​မှုကိုပါ ​ပေးစွမ်းနိုင်​တဲ့စွမ်းအားရှိ​နေပြန်​ပါတယ်​။ ဒါ​ပေမယ့်​ တကယ်​တမ်း ဒါဟာငရဲနဲ့ဆက်​နွယ်​​နေတဲ့လမ်း​ကြောင်းတစ်​ခုဖြစ်​​နေမှန်းသိလိုက်​ချိန်​မှာ​တော့ ​နောက်​ကျသွားခဲ့ပါပြီ။ အဲဒီက​နေပဲကျွန်​​တော်​တို့ရဲ့ဇာတ်​​ကောင်​ကြီး Pinhead ထွက်​​ပေါ်လာခဲ့ပြီ​လေ။ သူဟာ သူ့စွမ်းအင်​​တွေအတွက်​ပဲ လူ​တွေသတ်​ဖြတ်​လာရင်းက မထင်​မှတ်​ထားတဲ့ အစီအစဉ်​တင်​ဆက်​သူ​မိန်းက​လေးတစ်​ဦး​ဟာ ဒီလူသတ်​မှု​တွေကို လိုက်​လံစုံစမ်းပါ​တော့တယ်​။ Rating R ​တွေ ခုတ​လော ပြန်​​ခေတ်​စား​လာတဲ့အချိန်​မှာ ဒီကားဟာလည်း ပရိသတ်​​တွေသ​ဘောကျ​လောက်​မယ့်​ ​ကြောက်​စရာ မြင်​ကွင်း​တွေပါရှိတဲ့ကားတစ်​ကားပါ။ အရင်​ Hellraiser 2 ထွက်​ပြီး ၄ နှစ်​အကြာမှာထွက်​ရှိခဲ့တဲ့ကားဖြစ်​သလို pinhead အတွက်​ flashback ​တွေလည်းပါရှိတာ​ကြောင့်​ အရင်​ကား​တွေမကြည့်​ဖူးသူ​တွေအတွက်​လည်း ပြသနာမရှိနိုင်​ပါဘူး။ Gold Channel ပရိသတ်​များအတွက်​ ညဘက်​ကြည့်​စရာဇာတ်​လမ်း​လေးအဖြစ်​ တင်​ဆက်​​ပေးလိုက်​ပါတယ်​။

Review By : Scarlet Phoenix
Translated by : Kat Pote Pote
Encoded by : Invoker

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger