Latest Movie :

သိပ္ပံကမ္ဘာမှ ချစ်မေတ္တာ (သို့မဟုတ်) Equal (2015) မြန်မာစာတန်းထိုး





သိပ္ပံကမ္ဘာမှ ချစ်မေတ္တာ (သို့မဟုတ်) Equal (2015) မြန်မာစာတန်းထိုး

Imdb Rating 6.1/10 

      Sci-fi ကြိုက်သူတွေရော Romance တွေရောကြိုက်သူတွေအတွက် ရှားရှားပါးပါး သိပ္ပံနဲ့ချစ်ခြင်းမေတ္တာတို့ပေါင်းစည်း ရိုက်ကူးပြထားတဲ့ ဇာတ်ကားသစ်ကလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ပြီးတော့ ပုရိသတို့အသည်းစွဲလေး twilight မင်းသမီး Kristen Strwart ရဲ့ဇာတ်ကားလေးလည်းဖြစ် PG 13 သတ်မှတ်ထားတဲ့ဇာတ်လမ်းလေးလည်းဖြစ်တာကြောင့် ရိုမန့်ဆန်ဆန်အချစ်ခန်းလေးတွေနဲ့ ပရိသတ်တို့စိတ်အာရုံကို ဖမ်းဆုပ်ထားမှာသေချာပါတယ်။
    အရာရာဟာ အချစ်ကစတယ်ဆိုပါစို့။ အမုန်းဟာလည်း အချစ်ကစတာပဲမို့လား။ ဒီတော့ခံစားချက်တွေသာမရှိခဲ့ရင် စစ်ပွဲတွေ ပဋိပက္ခတွေကင်းမဲ့နေမယ်လေ။ ဒီလိုစိတ်ကူးဆန်းဆန်းလေးနဲ့ ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးရဲ့ကျောရိုးကတော့ အနာဂတ်ရဲ့ခေတ်တစ်နေရာမှာ ငြိမ်းချမ်းရေးရှိနေဖို့အတွက်ပဲ 
အချစ်တွေမရှိ အမုန်းတွေမရှိပဲ ခံစားချက်မဲ့တဲ့နေရာမှာ အတူရှိခဲ့တဲ့ လူငယ်လေးနှစ်ယောက်အကြောင်းပေါ့။ တစ်နေ့မှာ ထူးဆန်းတဲ့ရောဂါတစ်ခုသူတို့ခံစားလိုက်ရပြီး သူတို့ရဲ့ စိတ်ခံစားမှုတွေကို ပြန်လည်ရရှိလိုက်တဲ့အချိန်မှာတော့ ဒီလူငယ်လေးနှစ်ယောက်ဟာ အချစ်ဆိုတာ ဘယ်လိုဆိုတာသိရှိလာခဲ့ပါတော့တယ်။
ခံစားချက်ကင်းမဲ့နေတဲ့လောကကြီးတစ်ခုလုံးထဲ သူတို့နှစ်ယောက်တည်း အချစ်ကိုသိရှိနေရတဲ့အခါ သူတို့ပတ်ဝန်းကျင်ဟာ ဘယ်လိုတုံ့ပြန်မလဲ၊ ဒီလိုလူ့ပတ်ဝန်းကျင်ထဲ ဒီချစ်သူနှစ်ဦး ဘယ်လိုနေထိုင်ဖြတ်သန်းသွားရမလဲဆိုတာကို ပရိသတ်တွေကြည့်ရှုခံစားရမှာပါ။  သိပ္ပံဇာတ်ကားတိုင်း စက်သေနတ်ကြီးတွေ လေဆာရောင်ခြည်တွေနဲ့ပစ်ခတ်နေကြတာကို ရိုးအီနေတဲ့ပရိသတ်တွေအတွက်တော့ ဒီကားဟာ အသွင်သစ် စိတ်ကူးသစ်နဲ့ေ လာကတစ်ခုထဲမှာ အချစ်တစ်ခုတည်ဆောက်ဖို့မလွယ်ကူကြောင်းကို လှလှပပရိုက်ကူးပြသထားတာကြောင့် ဇာတ်လမ်းကောင်းကြိုက်သူများအတွက် ဒီ equals ဇာတ်ကားလေးကို ကြည်နူးဖွယ်ကားလေးတစ်ကားအဖြစ် တင်ဆက်ပေးလိုက်ပါတယ်နော်။

Reveiw by: Scarlet Phoenix
Encode by: Mg Moe Tain 
Quality 720P HD
Size 800MB

Share this article :

+ comments + 1 comments

23 July 2016 at 04:14

Invalid link ဖြစ်​​နေတယ်​ admin ပြန်​တင်​​ပေးပါအုံး ​ကျေးဇူးတင်​ပါတယ်​ GC ဒီထက်​မက ​အောင်​မြင်​ ပါ​စေဗျာ

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger