Latest Movie :

The Other Side of the Door (2016) မြန်မာစာတန်းထိုး

The Other Side of the Door (2016) မြန်မာစာတန်းထိုး Free Download   
ရင်တဖိုဖိုနဲ့ ကြည့်ရမယ့် သဘာဝလွန်သည်း ထိတ်ရင်ဖိုကြောက်စရာ ဇာတ်လမ်းသစ် ကိုခံစားကြည့်ရှု့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။
ခရီးသွားရင်း ကားအက်ဆီးဒင့်ဖြစ်ကာ သားဖြစ်သူ အိုလီဗာ ကို ဆုံးရှုံးလိုက်ရတာဟာ မာရီယာအဖို့ ဘယ်လိုမှ ဖြေမဆည်နိုင် လောက်အောင်ကို ၀မ်းနည်းပူ ဆွေးခဲ့ရပါတယ်။ မာရီယာနဲ့ မိုက် ကယ်တို့ ဇနီးမောင်နှံမှာ အိုလီဗာနဲ့ လူစီဆိုတဲ့ သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက်တည်း ရှိတာမို့ တော်တော်လေးကို ခံစားခဲ့ရတာပါ။
အိုလီဗာကို နောက်ဆုံးနှုတ် ဆက်တဲ့အခါမှာ သားကိုအဆုံးရှုံး မခံချင်တဲ့ မာရီယာဟာ တမလွန် ဘ၀က လူတွေနဲ့ ဆက်သွယ်နိုင်တယ်လို့ ယုံကြည်ကြတဲ့ ရှေး ဟောင်းဘုရားကျောင်းပျက်ကြီး ရဲ့ လှေကားထစ်တွေမှာ အရိုးပြာကို ဖြူးခဲ့ပြီး အဲဒီ ဘုရားကျောင်း ပျက်ကြီးမှာ မာရီယာညဘက်ထိ စောင့်နေခဲ့ပါတယ်။
ညဘက်ရောက်တဲ့အခါမှာ တံခါးရဲ့ တစ်ဖက်ခြမ်းက အိုလီ ဗာရဲ့ အသံလိုလိုကြားပြီး အိုလီဗာသေဆုံးခဲ့ရတဲ့အကြောင်း စကားပြောသံတွေကြားရတာ အိုလီဗာက သူ့အမေကို သူသွားရတော့မယ့်အကြောင်း နှုတ်ဆက်စကားပြောခဲ့ပါတယ်။ မာရီယာဟာ စိတ်လှုပ်ရှားပြီး တံခါးဆွဲဖွင့်လိုက်တဲ့အခါ မတူညီတဲ့ ကမ္ဘာနှစ်ခုကြားမှာ အပြောင်းအ လဲတွေဖြစ်ခဲ့ပါတော့တယ်။ အိုလီဗာဟာ တမလွန်ကနေ ယခုဘ၀ကိုသရဲအဖြစ်နဲ့ ပြန်ရောက်လာခဲ့ပါတော့တယ်။
အဲဒီနောက်အိမ်မှာ အထူး အဆန်းအဖြစ်အပျက်တွေကြုံခဲ့ ပြီး မျက်နှာတွေဆေးခြယ်ထားတဲ့ လူတစ်ယောက်ကိုလည်း မကြာ ခဏဆိုသလို တွေ့ခဲ့ပါတယ်။ မာ ရီယာတို့အိမ်က အိမ်ဖော်ပီကီက သေလွန်ပြီးသား အိုလီဗာကို မာရီ ယာကိုယ့်သဘောနဲ့ ကိုယ်ဝိညာဉ် ပြန်ခေါ်ခဲ့တဲ့အတွက် မကောင်းဆိုး ရွားတွေလိုက်လာပြီး ပြန်ခေါ်တာ လို့ ပြောပြခဲ့ပါတယ်။
တမလွန်က အသံတွေကြား နိုင်တဲ့ တံခါးရဲ့ နောက်ကွယ်က ဆန်းကြယ်တဲ့ဖြစ်ရပ်တွေဟာ ဘာ တွေလဲ။ အိုလီဗာရဲ့ ၀ိညာဉ်ကို ထူးဆန်းတဲ့ လူတွေက ပြန်ခေါ်သွားကြမှာလားဆိုတာ စိတ်လှုပ်ရှားရင်း ဆက်ကြည့်လိုက်ပါဦးနော်။ ဒီဇာတ်ကားမှာ မာရီယာအ ဖြစ် ဆာရာဝိန်းကယ်လီ၊ မိုက် ကယ်အဖြစ် ဂျယ်ရမီဆစ်စတို၊ အိုလီဗာအဖြစ် လိုဂန်ခရီရန်၊ လူစီအဖြစ် ဆိုဖီယာရိုစင်စကီတို့ သရုပ်ဆောင်ထားကြပါတယ်။
Translated by: Zay ya Kyaw 
Encoded by: Mg Moe Tain 
Pcloud Download Link -800MB


Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger