Latest Movie :
Recent Movies

Legend of Qin (2015) Tv Series ချင်ဒဏ္ဍာရီထဲက ဓားမင်းသခင် မြန်မာစာတန်းထိုး


Legend of Qin (2015) Tv Series (မြန်မာစာတန်းထိုး)

ချင်ဒဏ္ဍာရီထဲက ဓားမင်းသခင်

ချင်နိုင်ငံမှာ အဆင်မတန်ဆိုးဝါးပြီးရက်စက်ကြမ်းကြုတ်တဲ့ ကျန်းဘုရင်အုပ်စိုးနေတာကြောင့် ဘုရင်ကို လုပ်ကြံပြီး တိုင်သူပြည်သားတွေ အေးချမ်းမှု့ရရှိရန်အတွက် အမတ်ကြီးချန်ဟာ ကြိုးပန်းခဲ့ပါတယ်.။ သို့သော်သူ့ရဲ့ ကြိုးပန်းမှု့မအောင်မြင်ခဲ့ပဲ ချင်စစ်သားတွေရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ခံရပါတယ်။ ချန်ဟာ သူကိုယ်တိုင် အန္တရာယ်အဖြစ်ခံခဲ့ပေးမယ့် သူ့ရဲ့ တစ်ဦးတည်းသောသားဖြစ်သူ ကိုတော့ ကမ္ဘာ့အတော်ဆုံးဓားသမားလို့ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ ခန်းနီကို ငှားရမ်းပြီး သက်တော်စေငာ့် အဖြစ်ကာကွယ်ပေးခိုင်းခဲ့ပါတယ်.။  ဓားသမား ခန်းနီဟာ ကလေးကိုကာကွယ်ရင်း ချင်စစ်သား သုံးရာကျော်ကို သတ်ဖြတ်မိလိုက်တဲ့ အခါမှာတော့ ကျန်းဘုရင်ရဲ့ ဒေါသတွေကို မီးမြိုက်ပေးလိုက် သလိုဖြစ်ပြီး တစ်လောကလုံးက အတော်ဆုံး စက်ယန္တရားပညာရှင်၊ လူသတ်သမား ၊ အစွမ်းထက်မှော်ပညာရှင်တွေကို စုစည်းပြီး ဓားသမားခန်းနီနဲ့ ကလေးနောက်ကို မသေသေအောင် လိုက်လံသတ်ဖြတ်ခိုင်းပါတော့တယ်.။
      မှော်ပညာ၊ သိုင်း၊ စက်ယန္တရားအတတ်စသည်ဖြင့် အမျိုးအစားစုံလင်စွာပါဝင်တဲ့ Fantasy သိုင်းကားကောင်းတစ်ခုပါ.။ ၀က်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ဒဏ္ဍာ၇ီထဲကဓား (Quin Moon) Animation ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး ပြသတဲ့အချိန်မှာလဲ တရုတ်ပြည်မှာ လူကြည့်အများဆုံး စီးရီးတစ်ခုအဖြစ် စာရင်းဝင်ခဲ့ပါတယ်.။ ဒီလိုကောင်းခြင်းအဖြာဖြာနဲ့ ပြည့်စုံနေတဲ့ သိုင်းကားကောင်းတစ်ကားကို ကြည့်ရှု့စေလိုတဲ့ စေတနာရှေ့ထားတင်ဆက်လိုက်ရပါတယ်.။

Translated by: Zin Ko
Encode by: Mg Moe Tain/ Sinn Sinn

Rocky (1976) (မြန်မာစာတန်းထိုး)



မင်းသားစတားလုံးရဲ့ အိပ်မက်တွေကို အသက်သွင်းပေးနိုင်ခဲ့တဲ့ ဂန္တဝင်ဇာတ်ကားတစ်ကား (သို့မဟုတ်) သင်မသေခင်ကြည့်သင့်သော ဇာတ်ကား 1001 ကားများထဲမှ စာရင်းထိပ်တွင်ပြေးနေသော ဇာတ်ကားတစ်ကား
Imdb rating .8.1/10
မွေးကတည်းက ခန္ဓာကိုယ် တခြမ်း အကြောဆိုင်း၍ ပါလာသည်။ အလယ်တန်း အဆင့်တွင် ပညာ သင်နေသော အခါ သူ၏ ရွဲ့နေသော မျက်နှာ တစ်ခြမ်းကို အများက လှောင်ပြောင်သည်ကို မခံနိုင်ဖြစ်ကာ ကိုယ်ခန္ဓာ ကြီးထွား လှပအောင် လေ့ကျင့်ခဲ့သည်။ ရုပ်ရှင် သရုပ်ဆောင်ကောင်း တစ်ဦး ဖြစ်လိုသော်လည်း လောလောဆယ်တွင် အများ သရုပ် မဆောင်လိုသော နေရာများတွင်သာ ပါဝင်ခဲ့ရသည်။ မည်သို့ပင် ဖြစ်စေ တနေ့တွင် အောင်မြင်သော သရုပ်ဆောင် တစ်ဦး ဖြစ်ရမည်ဟု ခိုင်မာစွာ ယုံကြည်ထားသည်။
မိန်းမက ကိုယ်ဝန် လွယ်ထားရသည့် အပြင် ကြွေးပတ်လည် လည်းဝိုင်းနေသဖြင့် မိန်းမ လုပ်သူ၏ လက်ဝတ် လက်စားများကို ရောင်းချပြီး ခဏတဖြုတ် အဆင်ပြေအောင် လုပ်လိုက်ရသော်လည်း နောက်ပိုင်းတွင် ဘတ်(စ)ကား မှတ်တိုင်တွင် အအေးဒဏ် ခံကာ အိပ်ရသော အခြေအနေသို့ပင် ပြန်ရောက်သွားခဲ့ရသည်။ အအေးဒဏ် မခံနိုင်သည့်အဆုံး သူ အလွန်ချစ်သော ခွေးကို ၂၅ ဒေါ်လာဖြင့် သူများ လက်ထဲ ထည့်လိုက်ရသည်။
တီဗွီတွင် ပြသသော မိုဟာမက် အလီနှင့် ချပ်ဝက်(ဘ)တို့၏ လက်ဝှေ့ပွဲက သူ့ကို ရော့ကီး ဟု ခေါ်သော စာမူကို နာရီ ၂၀ မရပ်မနားဘဲ ပြီးစီးအောင် ရေးနိုင်သည်အထိ တွန်းအား ပေးခဲ့သည်။ သူ့စာမူကို ထုတ်လုပ်သူများအား လိုက်လံ ပြသခဲ့ရာ အကြိမ်ပေါင်း ၁,၅၀၀ ခန့် အထိ ငြင်းပယ်ခံရပြီးမှ တစ်ယောက်သောသူက ဒေါ်လာ ၁၂၅,၀၀၀ ဖြင့် ဝယ်ယူရန် သဘောတူခဲ့သည်။
သို့သော် ခန္ဓာကိုယ် တောင့်တင်းသော်လည်း မျက်နှာ လေဖြတ်ထားသော ပုံစံဖြင့် စကား ကောင်းကောင်း မပြောနိုင်သည့် သူကို သရုပ်ဆောင် လုပ်ချင်သည့် အဖြစ်ကို သဘောမတူကြ။ ထိုကြောင့် စာမူကို မရောင်းဘဲ အိမ်ပြန်ခဲ့သည်။
ရက်သတ္တပတ် အနည်းငယ် ကြာသောအခါ သူ၏ စာမူအား ဒေါ်လာ ၂၅၀,၀၀၀ ဖြင့် ဝယ်ယူရန် ကမ်းလှမ်းလာပြန်သည်။ သို့သော် သရုပ်ဆောင်ခွင့်ကိုမူ မပေး။ တဖန် စာမူခကို ၃၅၀,၀၀၀ အထိပင် တိုးတက် ပေးသော်လည်း သူ့ကို သရုပ်ဆောင်ခွင့် မပေးသေး။ စာမူကို လက်မလွှတ်နိုင်တော့သည့် အဆုံးကျမှ နောက်ဆုံး စာမူခ ဒေါ်လာ ၃၅၀,၀၀၀ ပေးပြီး သူ့အား အဓိက ဇာတ်ကောင် နေရာတွင် သရုပ်ဆောင်ရန် သဘောတူလိုက်သည်။
ယင်း ရော့ကီး ရုပ်ရှင်ကားကို ဒေါ်လာ ၁ သန်း ကုန်ကျခံကာ ရိုက်ကူးခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၂၂၅ သန်း ရရှိခဲ့သည်။ ဓါတ်ပုံ၊ ဒါရိုက်တာနှင့် ဇာတ်လမ်းတို့ အတွက် အမြင့်ဆုံး ဖြစ်သော အော်စကာဆုများ ရရှိခဲ့သည့်ဇာတိကားဖြစ်လေသည်.
Credit to -ရိုးရာလေး
Translated by : Hein Htet Lin
Encoded by : Invoker

Eddie the Eagle (2016) မြန်မာစာတန်းထိုး



Eddie the Eagle (2016) မြန်မာစာတန်းထိုး

Rotten Tomatoes-79%
IMDb-7.9/10
1973 ခုနစ်,ဆယ်နှစ်သားအရွယ် Eddie Edwards (Taron Egerton) ဆိုတဲ့ ကလေးတယောက် Olympic ပြိုင်ပွဲ ဝင်ချင်တဲ့ အိမ်မက်တွေကြောင့် ကစားနည်း အမျိုးမျိုးကိုလေ့ကျင့်နေခဲ့တယ်... မိမိရဲ့ အိမ်မက်ကို အားမပေးတဲ့ဖခင်ရဲ့ အရိပ်အောက်မှာ Eddie ဟာ အရွယ်ရောက် တဲ့အခါ Winter Game မှာ Ski ပြိုင်ရင်း အိမ်မက်ကိုရှင်သန်စေပါတယ်... လိုအပ်လောက်တဲ့ အရည်အချင်း နဲ့ အောင်မြင်မှု့ ရှိပေမဲ့ British Olympic အဖွဲ့အစည်းရဲ့ မျက်နှာသာပေးမှု့ နဲ့ ရွေးချယ် မှု့ကို မခံခဲ့ရပါဘူး....ဒါကြောင့် ပဲ မိမိ ဘဝကို Ski Jumper တဦး အဖြစ် အသက်သွင်းဖို့ Germany ကို 1987မှာ ကိုယ်တိုင်ပဲ training ဆင်းဖို့ထွက်ခွာလာခဲ့ပါတယ်...
Germany Ski လေ့ကျင့်ရေးကွင်းကိုရောက်တော့ နော်ဝေး ski jumper တွေနဲ့ပထမဆုံး တွေ့ဆုံခဲ့ရပါတယ်...လှောင်ပြောင် ခံခဲ့ရရုံသက်သက်သာ... နေရာထိုင်ခင်းမဲ့ တဲ့ Eddie ကို ကူညီခဲ့သူ က bar ပိုင်ရှင် အမျိုးသမီးကြီး Petra..Petra ရဲ့ လမ်းညွှန်မှု့နဲ့ပဲ‪#‎Bronson_Peary‬ ( Hugh Jackman) ဆိုတဲ့ အရက်ကြိုက်တဲ့ ဆရာ တဦးနဲ့တွေ့ခွင့်ရခဲ့ပါတယ်...Peary အနေနဲ့ Eddie ကို အသက်အန္တရာယ်များလှတဲ့ Ski Jumper အလုပ်ကို စွန့်လွှတ်ဖို့တိုက်တွန်းခဲ့ပါတယ်.. Eddie ကလက်မခံ...Peary လည်း စိတ်အားထက်သန်လှတဲ့ Eddie ကို နည်းပြလုပ်ပေးဖို့ လက်ခံခဲ့ပါတယ်... အချိန်တို အတွင်းမှာ ပုံမှန်မဟုတ်တဲ့ ဖြတ်လမ်းနည်း သင်ကြားမှု ကောင်းတွေကြောင့် Eddie ရဲ့ စံနှုန်းတွေဟာ တဖြည်းဖြည်းမြင့်လာခဲ့ပါတယ်...Peary ရဲ့ သင်ပြုမှု့ကြောင့် Eddie ရဲ့ ရည်ရွယ်ချက် 1988 Olympic ကိုဝင်ရောက်ယှဉ်ပြိုင်ဖို့ဦးတည်ချက်နီးလာပါပြီ...40 မီတာ အမြင့် ကိုအောင်မြင်စွာ ခုန်နိုင်ခဲ့ပါပြီ..
ဒါပေမဲ့ နှစ်ခြောက်ဆယ်ကြာ ယှဉ်ပြိုင်သူ မဲ့ခဲ့တဲ့ olympic Ski Jumping ပြိုင်ပွဲ မှာ British Oylmpic Official ရဲ့သတ်မှတ်ချက်က canada Olympic ကိုဝင်ရောက်လိုလျှင်အဓိက Eddie အောင်မြင်ရမှာက 70m(230ft) ပြိုင်ပွဲ...ဒါပေမဲ့ ဘုတ်အဖွဲ့က Eddie ရဲ့ အတွေ့အကြုံနုနယ် မှု့ကြောင့် 61m ကိုသာယှဉ်ပြိုင်စေပါတယ်.....မီတာ 40 သာ အတွေ့အကြုံရှိခဲ့တဲ့ Eddie ဟာ အောင်မြင်မှု့မရခဲ့ပါဘူး....အထုတ်ဆွဲကာအိမ်ပြန်ခဲ့ရပါတယ်......ဒါပေမဲ့ ဘုတ်အဖွဲ့ရဲ့ စာတစောင်ဟာ Eddie ဆီသို့ရောက်လာခဲ့ပါတယ်...1988 Olympic ဝင်ခွင့်ရတဲ့စာ....
သူ့နည်းပြ Peary ဟာ 70မီတာ ခုန်ရမဲ့ Canada Oympic ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့သဘောမတူခဲ့ပါဘူး.... အကျ မတော် ချွတ်ချော်ခဲ့ရင် ဒုက္ခိတ နဲ့ သေလမ်းသာရှိလို့ပါ... ခေါင်းမာတဲ့ Eddie ကတော့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်...70မီတာ ကို အောင်မြင် ခဲ့ပါတယ်...England ရဲ့ပထမဆုံးသော Ski jumping မှာ ဝင်ရောက်ယှဉ်ပြိုင်မှု့အောင်မြင်ခဲ့မှု့ပါ... Eddie ရဲ့ အောင်ပွဲခံတဲ့ပုံစံကလည်း ကြည့်ရှု့နေသူကို ပွဲကျ ရယ်မောစေခဲ့ပါတယ် .... ထိုအောင်ပွဲ ခံတဲ့ပုံစံကို အစွဲပြု ပြီးတော့ပဲ‪#‎Eddie_The_Eagle_Edwards‬ အဖြစ် အမည် တွင်ခဲ့ပါပြီ.....England ပြည်သူတွေရဲ့ သောင်းသောင်းဖျဖျ အားပေမှု့နဲ့အတူ Eddie တယောက်လူသိများခဲ့ပါပြီ....
Eddie ကတော့ မဆုတ်မနစ် စိတ်ဓာတ်နဲ့ အမြင့်ဆုံး မီတာ90 ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ဖို့ ဦးတည်ခဲ့ပါတယ်... အံ့မခန်းပါပဲ.. ဒီပွဲကိုတော့ တချိန်က Ski Jumper ဟောင်းကြီး Eddieနည်းပြတဖြစ်လဲ Peary Broson ကိုယ်တိုင် လာရောက်အားပေးခဲ့ပါတယ်....သူ့ရဲ့ တပည့်ငယ်ရဲ့ အောင်မြင်မှု့ကို ရှူ့စားချင်လို့ပါ... Eddie တယောက် သူလေးစား အားကျခဲ့ရတဲ့ idol ‪#‎Matti‬ နဲ့ အတူ ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ..... စိတ်လှုပ်ရှား မှု့ အမြင့်ဆုံး နဲ့အတူ Eddie The Egale Edward 90 မီတာ ကို ခုန်နိုင်ပါ့မလား ကိုတော့နောက်ဆုံးခန်းဖြစ်တဲ့အတွက် ကျွန်တော် မပြောတော့ပါဘူး....အသက် အန္တရာယ် နဲ့အောင်မြင်မှု့ကို လဲသွားမလားဆိုတာလဲ စိတ်ဝင်စားစရာ အတိပါ....မိမိ ဘာသာ ကြည့်စေလိုပါတယ်....
Director - Dexter Fletcher
Cast-Taron Egerton,Hugh Jackman
Genre-Sport Drama,True Story
Running Time-105min
Rotten Tomatoes-79%
IMDb-7.9/10
Review Credit to- M-MDB

Encode by: Mg Moe Tain 


                            Small File Coming Soon

Curse Of Chucky (2013) မြန်မာစာတန်းထိုး



MDB Rating 6.4 / 10

Chucky ဆိုတဲ့ အရုပ်သရဲဇာတ်လမ်းဟာ ဆယ်စုနှစ်တော်တော်များများမှာ ကြည့်ဖူးတဲ့ သူတွေအတွက် ငယ်ဘဝအိပ်မက်ဆိုးတစ်ခုလို ဖမ်းစားနိုင်ခဲ့ပြီးခုချိန်ထိအောင်မြင်နေတဲ့ ဇာတ်လမ်းတခုလို့ ပြောရမှာဖြစ်ပါတယ်..

Curse Of Chucky (2013) မှာတော့ Chucky ကိုခလေးတယောက်က ဆော့ကစားရင်းနဲ့ မြို့ မှာရှိတဲ့လူတွေ ထူးထူးဆန်းဆန်းသေရတဲ့ အကြောင်းအရင်းတခု ဖြစ်ပေါ်နေပြန်ပါတယ်...

ဆန်းကြယ်တဲ့ ပဟေဋ္ဌိကို အဖြေထုတ်ဖော်ကြတဲ့ အခါမှာတော့. မယုံနိုင်လောက်အောင် အစွမ်းထက်တဲ့ မိစ္ဆာ ကျိန်စာကြီးနဲ့ အတူ စိတ္တဇလူသတ်ကောင် ဝိဥာဉ်ပူးနေတဲ့ Chucky ကိုတွေ့ မြင်ကြရပါတော့တယိ။ ထုံးစံအတိုင်း သတ်ဖြတ်ချက်တွေကတော့ ကြမ်းပါတယ်... ထိတ်လန့်းသည်းဖို့ သရဲဇာတ်လမ်းကြိုက်နှစ်သက်သူတွေ ကြည့်ရအောင်နော်...
Translated by : Arkar Hein
Encoded by : Invoker

Superhero Movie(2008) မြန်မာစာတန်းထိုး



IMDb 4.5/10
Rotten Tomatoes 17%
Metacritic 33%
ှSpiderMan ကိုကြည့်ဖူးတဲ့ မိတ်ဆွေတွေ အတော် ခွီနေရမယ့်ဇာတ်ကားပါ...
မိဘတွေ မတော်တဆ မှုနဲ့ ကွယ် လွန်ခဲ့ပြီး အဒေါ်တွေ ၊ ဦးလေးတွေ ရဲ့ ထိန်းချုပ်မှုလက်အောက်မှာ ကြီးပြင်းလာတဲ့ Rick Riker
ဆိုသူဟာ... Empire College ကြီးကို ၀င်ခွင့်ရခဲ့ပါတယ်။ အလွဲ မျိုးစုံလုပ်တတ်တဲ့ တျောက်ပေါ့သူက..
Empire တက္ကသိုလ်ကြီးကိုတက်နေစဉ် သူဟာ အိမ်နီးချင်းကောင်မလေး တျောက်
ဖြစ်တဲ့ Jill Johnson ဆိုတဲ့ ကောင်မလေးကို အရူးအမူးဖြစ်နေတာပေါ့....၊ ဒီလိုနဲ့ တစ်နေ့ ကျောင်းတော်ကြီး ရဲ့ဇီဝဗေဒ ဆိုင်ရာလေ့လာရေး
ခရီးထွက်တဲ့အခါမှာ အလွဲလွဲ အလျော်လျော်တွေလုပ် မိပြီး... သေချာ ဖော်စပ်ထားတဲ့ ဆေး ပုစဉ်းတစ်ကောင်ဟာ သူ့ကိုလာကိုက်ပါတယ်
အဲဒီမှာ..... ဆက်မပြောတော့ပါဘူး... ဘယ်လောက်ရယ်ရမလဲ ဆိုတာ မိတ်ဆွေတို့ကိုယ်တိုင်သာကြည့်ကြည့်လိုက်ပါတော့
ဒီဇာတ်ကားမှာ ပင်တိုင် ပုစဉ်းလူသားနေရာက သရုပ်ဆောင်ခဲ့တဲ့ Drake Bell ဟာ
Ultimate Spider Man Serie မှာ အသံသရုပ်ဆောင်နေသူတစ်ဦးလည်းဖြစ်ပါတယ်
ဒီဇာတ်ကားကို ရိုက်တဲ့ ဒါရိုက်တာကတော့ scary movie နဲ့ naked gun ကို
ရိုက်ကူးခဲ့တဲ့ Director David Zucker ပေါ့
ဒီဇာတ်ကားဟာ...သာမန် ဇာတ်ကားတွေ အရ rating နည်းနည်း လေးပဲရတယ်လို့ပြောရပေမယ့်....pardoy ဇာတ်ကားတွေကို
ပြန်ယှဉ်ကြည့်လိုက်တဲ့ အခါ အခြား parody ဇာတ်ကားတွေထက် rating တွေသာနေတာကို တွေ့ရပါလိမ့်မယ်
unrated film ဖြစ်တာကြောင့် ဆဲခန်းတွေ ပါပါတယ်... ထို့ကြောင့် ကလေးငယ်များကို မပြဖို့
အနူးအညွတ်မေတ္တာရပ်ခံ ပါရစေ..
Dimension film ဆိုရင်တကူးတက ပြောစရာ မလိုပါဘူး လူသတ်ကားတွေ၊ သရဲကားတွေနဲ့ နာမည်ကြီးသလို Spy Kids Serie နဲ့လည်းနာမည်ကြီးတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုပါ... ဒါအပြင်.. Parody , Troll ကားတွေ ဖြစ်တဲ့ Scary Movie Serie နဲ့နာမည်ရတဲ့ film တစ်ခုပေါ့....
Translated by : Thant Hlaing OO
Encoded by : Invoker

Ultimated Spiderman Episode 2 မြန်မာစာတန်းထိုး






Ultimated Spiderman Episode 2 Great.Responsibility.

    Shiled အဖွဲ့ကို ရောက်သွားတဲ့ Spiderman တစ်ယောက် ပြည်သူတွေကို အန္တရာယ်မဖြစ်စေပဲ သေသပ်စွာ လူဆိုးတွေကို နှိမ်နှင်းနိုင်ဖို့ သူ့ရဲ့ စွမ်းအားတွေကို တိတိကျကျအသုံးချနိုင်အောင် လေ့ကျင်ခန်းတွေဝင်ရပါတော့ .။ Iron Fist အစရှိတဲ့ Marvel Superheros တွေလဲ Spiderman နဲ့ အတူပူးပေါင်းပါဝင်တာကြောင့် အင်မတန်ကြည့်ကောင်းတဲ့ အက်ရှင်ခန်းတွေကို ရင်သပ်ရှု့မောစရာ မြင်တွေ့ကြရမှာပါ..။

Translated by: Arkar Hein
Encode by: Mg Moe Tain


Bride Of Chucky(1998) မြန်မာစာတန်းထိုး



Bride Of Chucky(1998) မြန်မာစာတန်းထိုး


Chucky ဟာ စိတ္တဇကွင်းဆက်လူသတ်သမား တစ်ယောက်ရဲ့ ၀ိဥာဉ်ဝင်ပူးနေတဲ့ မိစ္ဆာအရုပ်တစ်ခုဖြစ်ပါတယ်.။ သူ့ရဲ့ ရည်မှန်းချက်အတိုင်း အရုပ်ခနာကိုယ်တွင်းမှ တစ်ဆင့် မိစ္ဆာမှော်ပညာနဲ့ လူသားခနာကိုယ်အတွင်းသို့ ၀င်ရောက်ကူးပြောင်းကြံရွယ်မှု့ မအောင်မြင်ခဲ့ပေမယ့် တစ်နေ့မှာ Chucky ကိုအထူးအဆန်းအိမ်မွေသတ္တ၀ါတစ်ကောင်အနေနဲ့ ဖမ်းဆီးမွေးယူလိုသူ စိတ္တဇဆန်ဆန်မိန်းမချောတစ်ယောက်နဲ့ ဆုံတွေ့မိချိန်မှာတော့ သူဟာ ထိုမိန်းမကို သတ်ဖြတ်ပြီး နောက်ထပ် မိစ္ဆာအရုပ်မတစ်ယောက် ဖန်တီးပြီး သူ့ဘ၀ရဲ့ ရည်မှန်းချက်ကို ဆက်လက်လှုပ်ရှားပါတော့တယ်.။ ကြောက်စရာ အရုပ်သရဲကားများထဲမှာ ကလေးဘ၀အိပ်မက်ဆိုးတွေပါ မက်လောက်အောင် ဖမ်းစားနိုင်ခဲ့တဲ့ အရုပ်သရဲကားမျိုးဖြစ်တာကြောင့် horror ကြိုက်သူတွေ အတွက် ရွေးချယ်သင့်တဲ့ကားမျိုးဖြစ်ပါတယ်။
Translated by: Arkar Hein
Encode by: Phyo Min Thant

Scooby Doo(2002) မြန်မာစာတန်းထိုး





 Scooby Dooဟာ Hana Baberaက ဖန်တီးထားတဲ့ ဇာတ်ကောင်ပါ အမေရိကန်နိုင်ငံ ၁၉၆၉ခုနစ်တွင် 2D Animationဇာတ်လမ်းတွဲအနေနဲ့ ထုတ်လွှင့်ပြသခဲ့ပြီး အောင်မြင်မှုတွေ စိုက်ထူနိုင်ခဲ့တဲ့ဇာတ်ကောင်လေးပါ ယခု 2000ခုနစ်နောက်ပိုင်း 2002ခုနစ်မှာ ပထမဦးဆုံးအနေနဲ့ Scooby Dooကို Live - Action,Comedy,Horrorရုပ်ရှင်အနေနဲ့ Hana Baberaနဲ့နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေး Warner Brosတို့ပူးပေါင်းလက်တွဲပြီး ရိုက်ကူးလိုက်တာပါ Scpoby Dooက ကျွန်တော်တို့နဲ့ စိမ်းလှတဲ့ ဇာတ်ကောင်တော့မဟုတ်ပါဘူး ဇာတ်လမ်းအကျဉ်းကိုပြောရရင် Fred,Daphne,Velma,Shaggyနဲ့Scoobyတို့ပါဝင်တဲ့ Mystery Incဆိုသော နာမည်ကြီးလူငယ်စုံထောက်အဖွဲ့ဟာ Teamworkစိတ်ဓါတ်အားနည်းမှုကြောင့် အဖွဲ့သာူတွေ တကွဲတပြားဖြစ်သွားခဲ့ပါတယ် ဒါပေမဲ့ ၂နှစ်လောက်ကြာတော့ သူတို့ အဖွဲ့သားတစ်ဦးချင်းကို တစ္ဆေကျွန်းမှာရှိတဲ့ အပန်းဖြေစခန်းပိုင်ရှင်က အမှုတစ်ခုကို ဖြေရှင်းဖို့ ဖိတ်ကြားခဲ့ပါတယ် အကြောင်းအရင်းမှာ ကျွန်းလည်ပတ်သူ ခရီးသွားများ ပြုစားခံရသည်ဟုသော အကြောင်းပြချက်ကြောင့်ပင်ဖြစ်သည် ဒီလိုဖြစ်နေတာကလဲ တစ္ဆေကျွန်းမှာရှိတဲ့ မကောင်းဆိုးဝါးတွေကြောင့်ဆိုပဲ.ဒါဆို ဒီအမှုကကော သူတို့အရင်က ဖြေရှင်းခဲ့သလို မကောင်းဆိုးဝါးတွေ မဟုတ်ပဲဒုစရိုက်သမားတွေဖြစ်နေမလား ဒါမှမဟုတ် တကယ် မကောင်းဆိုးဝါးတွေဖြစ်နေမလား?Mystery Incအဖွဲ့သားတွေကကော အရင်လို စည်းစည်းလုံးလုံးနဲ့ Teamworkစိတ်ဓါတ်ရှိစွာနဲ့ ဒီအမှုကိုဖြေရှင်းနိုင်ပါ့မလား ဆိုတာကို ဟာသနှောပြီး ပွဲကျစေမယ့် Comedy,Horrorကားလေးပါ ဒီထဲမှာ Mr.Beanလို လူသိများတဲ့ မင်းသားကြီး Rowan Atkinsonလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ် (အခွင့်အရေးပေးခဲ့ရင်တော့ ဒီကားရဲ့နောက်ဆက်တွဲScooby Doo 2 : The Monsters Unleashedကို ဘာသာပြန်ပေးပါမယ်)


Translated by : Aung Sid Thway
Encoded by : Invoker

The Conjuring 2 (2016) မြန်မာစာတန်းထိုး HDTS

The Conjuring 2 (2016) မြန်မာစာတန်းထိုး HDTS Version Free Download
Horror, Mystery, Thriller
HD ဖြစ်တာမစောင့်နိုင်ကြတဲ့ မိတ်ဆွေတွေ အတွက်ကြည့်ဖို့ထိုက်တန်မယ့်ကားလေးပါ။
.
အခုလက်ရှိနိုင်ငံတကာမှာပြသနေပြီး Weekend Box Office စာရင်ထိပ်ဆုံးမှာရပ်တည်နေတဲ့ The Conjuring 2 အတွက် Preview ကိုဖော်ပြပေးလိုက်ပါတယ်။
1977 မှာပါ။ ထူးခြားတဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို လိုက်လံစုံစမ်းစစ်ဆေးနေတဲ့ Ed နဲ့ Lorraine Warren တို့ဟာ England မြောက်ပိုင်းက Enfield ကိုရောက်လာခဲ့ပါတယ်။ အဲမှာရှိတဲ့ ကလေး လေးယောက်အမေ Single mother တစ်ယောက်က သူ့အိမ်မှာ မကောင်းဆိုးဝါးကပ်နေတယ်လို့လာပြောပါတယ်။ Ed တို့နှစ်ယောက်ဟာ ကလေးအငယ်ဆုံးမှာ မကောင်းဆိုးဝါးပူးနေတယ်လို့ သွင်ပြင်တွေမြင်လာရတော့ ယုံကြည်လာခဲ့ပြီး ကလေးကိုကယ်တင်ဖို့လုပ်ရာက သူတို့ကိုယ်တိုင်ပါ မကောင်းဆိုးဝါးရဲ့ နောက်ပစ်မှတ်တွေ ဖြစ်လာပါတော့တယ်။
.
အင်မတန်ကြောက်စရာကောင်းတယ်ဆိုပြီး နာမည်ကြီးလှတဲ့ 2013 ခုနစ်ထွက် The Conjuring ရဲ့ အဆက်ဖြစ်ပါတယ်။ အရင်ကားဒါရတာ James Wan ကပဲ ပြန်ရိုက်ထားပြီး Patrick Wilson နဲ့ Vera Farmiga တို့ကပဲ ပြန်လည်ပါဝင်သရုပ်ဆောင်ထားပါတယ်။ The Conjuring 2 က အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ကြည့်ရှုသူရဲ့ စိတ်ကိုကယောက်ခြောက်ခြားတွေပါဖြစ်စေနိုင်တာကြောင့် ဒီဇာတ်ကားကိုကြည့်ရှုမဲ့လူတွေအတွက် သတိပေးချက်တွေပါထုတ်ပြန်ထားပါတယ်။ ဒီဇာတ်ကားအတွက် Budget ကို $40 million အသုံးပြုခဲ့ပြီး လက်ရှိအချိန်အထိ Box Office ဝင်ငွေ $96.2 million ရရှိထားပါတယ်။ The Conjuring 2 ရဲ့အခုလက်ရှိ Rating တွေကတော့ IMDB 8.2 နဲ့ Rotten Tomatoes 75% တို့ရရှိထားပါတယ်။ Horror ကားကောင်းကောင်းသဘောကြသူတွေအတွက်ကတော့ The Conjuring 2 ကစောင့်ကြည့်ရမဲ့ဇာတ်ကားထဲမှာထိပ်ဆုံးကပါမှာပါ။
.
Ref : IMDB, Wikipedia
Credit to -www.datshin.com
‪#‎datshin‬ ‪#‎datshinpreivew‬ ‪#‎conjuring2‬
ကို Scarlet ဘာသာပြန်ပေးထားတာဖြစ်ပြီး Encoded by: Mg Moe Tain ဖြစ်ပါတယ်.။
Watch & Download Here
Pcloud Download Link 600MB HDTS Version


The Other Side of the Door (2016) မြန်မာစာတန်းထိုး

The Other Side of the Door (2016) မြန်မာစာတန်းထိုး Free Download   
ရင်တဖိုဖိုနဲ့ ကြည့်ရမယ့် သဘာဝလွန်သည်း ထိတ်ရင်ဖိုကြောက်စရာ ဇာတ်လမ်းသစ် ကိုခံစားကြည့်ရှု့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။
ခရီးသွားရင်း ကားအက်ဆီးဒင့်ဖြစ်ကာ သားဖြစ်သူ အိုလီဗာ ကို ဆုံးရှုံးလိုက်ရတာဟာ မာရီယာအဖို့ ဘယ်လိုမှ ဖြေမဆည်နိုင် လောက်အောင်ကို ၀မ်းနည်းပူ ဆွေးခဲ့ရပါတယ်။ မာရီယာနဲ့ မိုက် ကယ်တို့ ဇနီးမောင်နှံမှာ အိုလီဗာနဲ့ လူစီဆိုတဲ့ သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက်တည်း ရှိတာမို့ တော်တော်လေးကို ခံစားခဲ့ရတာပါ။
အိုလီဗာကို နောက်ဆုံးနှုတ် ဆက်တဲ့အခါမှာ သားကိုအဆုံးရှုံး မခံချင်တဲ့ မာရီယာဟာ တမလွန် ဘ၀က လူတွေနဲ့ ဆက်သွယ်နိုင်တယ်လို့ ယုံကြည်ကြတဲ့ ရှေး ဟောင်းဘုရားကျောင်းပျက်ကြီး ရဲ့ လှေကားထစ်တွေမှာ အရိုးပြာကို ဖြူးခဲ့ပြီး အဲဒီ ဘုရားကျောင်း ပျက်ကြီးမှာ မာရီယာညဘက်ထိ စောင့်နေခဲ့ပါတယ်။
ညဘက်ရောက်တဲ့အခါမှာ တံခါးရဲ့ တစ်ဖက်ခြမ်းက အိုလီ ဗာရဲ့ အသံလိုလိုကြားပြီး အိုလီဗာသေဆုံးခဲ့ရတဲ့အကြောင်း စကားပြောသံတွေကြားရတာ အိုလီဗာက သူ့အမေကို သူသွားရတော့မယ့်အကြောင်း နှုတ်ဆက်စကားပြောခဲ့ပါတယ်။ မာရီယာဟာ စိတ်လှုပ်ရှားပြီး တံခါးဆွဲဖွင့်လိုက်တဲ့အခါ မတူညီတဲ့ ကမ္ဘာနှစ်ခုကြားမှာ အပြောင်းအ လဲတွေဖြစ်ခဲ့ပါတော့တယ်။ အိုလီဗာဟာ တမလွန်ကနေ ယခုဘ၀ကိုသရဲအဖြစ်နဲ့ ပြန်ရောက်လာခဲ့ပါတော့တယ်။
အဲဒီနောက်အိမ်မှာ အထူး အဆန်းအဖြစ်အပျက်တွေကြုံခဲ့ ပြီး မျက်နှာတွေဆေးခြယ်ထားတဲ့ လူတစ်ယောက်ကိုလည်း မကြာ ခဏဆိုသလို တွေ့ခဲ့ပါတယ်။ မာ ရီယာတို့အိမ်က အိမ်ဖော်ပီကီက သေလွန်ပြီးသား အိုလီဗာကို မာရီ ယာကိုယ့်သဘောနဲ့ ကိုယ်ဝိညာဉ် ပြန်ခေါ်ခဲ့တဲ့အတွက် မကောင်းဆိုး ရွားတွေလိုက်လာပြီး ပြန်ခေါ်တာ လို့ ပြောပြခဲ့ပါတယ်။
တမလွန်က အသံတွေကြား နိုင်တဲ့ တံခါးရဲ့ နောက်ကွယ်က ဆန်းကြယ်တဲ့ဖြစ်ရပ်တွေဟာ ဘာ တွေလဲ။ အိုလီဗာရဲ့ ၀ိညာဉ်ကို ထူးဆန်းတဲ့ လူတွေက ပြန်ခေါ်သွားကြမှာလားဆိုတာ စိတ်လှုပ်ရှားရင်း ဆက်ကြည့်လိုက်ပါဦးနော်။ ဒီဇာတ်ကားမှာ မာရီယာအ ဖြစ် ဆာရာဝိန်းကယ်လီ၊ မိုက် ကယ်အဖြစ် ဂျယ်ရမီဆစ်စတို၊ အိုလီဗာအဖြစ် လိုဂန်ခရီရန်၊ လူစီအဖြစ် ဆိုဖီယာရိုစင်စကီတို့ သရုပ်ဆောင်ထားကြပါတယ်။
Translated by: Zay ya Kyaw 
Encoded by: Mg Moe Tain 
Pcloud Download Link -800MB


Royal Trump 2 (1992) မြန်မာစာတန်းထိုး

Royal Trump 2 (1992) မြန်မာစာတန်းထိုး



ဟာသမင်းသားကြီး စတီဗင်ချောင်ရဲ့ ဂန္တ၀င်ဇာတ်ကားတွေထဲမှာ တစ်ကားအပါအ၀င်ဖြစ်တဲ့ Roayl Tramp 1992 ပါ.။ မန်ချူးဘုရင်ကိုတော်လှန်နေတဲ့ မိုးမြေဂိုဏ်ချုပ်ကို သိပ်ပြီးလေးစားလွန်းတဲ့ ဝေရှောင်ပေါင်ဆိုတဲ့ ကောင်လေးဟာ တစ်ရက်မှာ အထူးတာဝန်တစ်ရပ်ပေးခံရပြီး နန်းတွင်းထဲကို သူလျှိုအဖြစ် တာဝန်ယူဆောင်ရွက်ပေးဖို့တာဝန်ပေးခြင်းခံရတယ်.။ နန်းတွင်းထဲသို့ ၀င်ရောက်ရန် တန်းစီတဲ့ နေရာမှာ လူတန်းကြီးဟာ ရှည်လွန်းလို့ ဝေရှောင်ပေါင်ဟာ လူနည်းတဲ့နေရာကို သွားရောက်တန်းစီခဲ့ပါတယ်။ ဒါပေမယ့် ဝေရှောင်ပေါင် သွားရောက်တန်းစီမိတဲ့ နေရာက နန်းတွင်းထဲမှာကုန်းကုန်လုပ်ဖို့ ယောကျာ်းတွေကို ဝှေးသင်းပေးတဲ့နေရာဖြစ်နေပါတော့တယ်.။ နန်းတွင်းအရှုပ်အထွေးတွေ အလိမ်အကောက်အလှည့်အပတ်တွေကြား လူလည်လူရှုပ်ဝေရှောင်ပေါင် ဘယ်လိုရုန်းကန် လှည့်ဖြားပြီး ကြုံလာသမျှ အရာတိုင်းကို အဆင်ပြေအောင် ရုန်းထွက်မလဲဆိုတာ တ၀ါးဝါးတဟားဟား ရယ်မောရင်းကြည့်ရှု့လိုက်ကြပါဦးလို့ . လက်တို့လိုက်ရပါတယ်.။
Translated by: Min Ma Naing
Encode by: Mg Moe Tain

Eye In The Sky (2015)




တော်တော်ကောင်းတဲ့ ရုပ်ရှင်ကားလို့ ပြောရမလို ကြည့်နေတဲ့ ပရိတ်သတ်ကို ဇတ်ကား အစမှ အဆုံးကို မျက်တောင်မခတ် ငေးမောသွားစေမဲ့ ရုပ်ရှင်ကားပါ။ ရုပ်ရှင်ကားတစ်ကားထဲနဲ့ စဉ်းစားစရာ အကြောင်းအရာ တွေအများကြီးကို ချပြသွားနိင်တဲ့ရုပ်ရှင်တစ်ကားပါ။ အစွန်းရောက်အကြမ်းဖက်သမားတွေ အပြစ်မဲ့ပြည်သူတွေ အကြမ်းဖက်သမားတွေကိုတိုက်ခိုက်ခြေမှုန်းနိင်ဖို့ အနီးကပ်ထောက်လှမ်းရတဲ့ စပိုင်တွေ အဆင့်မြင့်နာ်းပညာသုံး Drone ကို ကိုင်တွယ်ထိမ်းခြုပ်ရတဲ့ တပ်ဖွဲ့တွေ သူတို့ရဲ့အထက်က ဗိုလ်ချုပ်တွေ နိင်ငံရေးသမားတွေ ရဲ့ ဆက်နွယ်မူတွေ ကို ရှင်းရှင်းလင်းလင်း ရုပ်ရှင်တစ်ကားထဲမှာ ဖေါ်ပြထားနိင်တဲ့ဇတ်လမ်းပါ။ ခုနောက်ပိုင်း အာဖဂန် ပါကစ်စတန် အီရတ်နဲ့ အာဖရိက နိင်ငံတွေမှာ အကြမ်းဖက်သမားတွေကို ခြေမုန်းသုတ်သင်တဲ့ နေရာမှာ အလွန်ကို ထိရောက်မူ ရှိသလို တခါတစ်ရံမှာလည်း အပြစ်မဲ့ သူပြည်သူအချို့လည်း သေဆုံးကျရတဲ့ လူမဲ့တိုက်ခိုက်ရေးလေယာဉ် Drone တွေဟာ ယခုခေတ်စစ်ပွဲတွေမှာ အတော်ကိုအသုံးချလာတာမြင်ကျကြားကျရမှာပါ။ ဒီ Eye In The Sky ဇတ်ကားကလည်း နာမည်ကျော်အကြမ်းဖက်သမား တွေကို Drone ကနေတိုက်ခိုက်ဖို့ အတွက်ကြိုးစားတဲ့အခါ မထင်မှတ်ပဲ ပြစ်ခတ်မဲ့နေရာဘေးမှာ မိန်းကလေးငယ်လေးတစ်ဦးကဈေးရောင်းနေပါတယ် တချိန်ထဲမှာဘဲ ဘေးကအိမ်ထဲမှာ နာမည်ကြီးအကြမ်းဖက်ခေါင်းဆောင်တွေက အသေခံဗုံးခွဲမဲ့သူတွေကို ဗုံးတွေတပ်ဆင်ပေးနေပြီး မကြာခင်တိုက်ခိုက်ဖို့ပြင်နေပါပြီ။ အဲ့ဒီတော့ ဒီအသေခံဗုံးခွဲမဲ့သူတွေ အပြစ်မဲ့ပြည်သူအများစုကို မသတ်ဖြတ်ခင် အရင်ခြေမူန်းလိုက်မယ်ဆိုမယ်ဆိုရင် အနီးမှာရှိတဲ့ အပြစ်မဲ့ မိန်းကလေးငယ်ပါသေဆုံးသွားမယ်။ ဒီတော့ ဘာကိုရွေးလို့ ဘယ်လိုဆုံးဖြတ်ချက်ချရမယ်ဆိုတာ ကို ရုပ်ရှင်ကြည့်ပရိတ်သတ်ကိုပါ တွေးစရာချပြထားပါတယ်။ ပြီးတော့ အကြမ်းဖက်သမားထဲမှာ ဗြိတိသျ နိင်ငံသားပါသလို အမေရိကန်လူမျိုး အကြမ်းဖက်သမားပါတဲ့အတွက် အမေရိကန် ရဲ့သဘောတူညီမူပါရဖို့ ကိုပါကြိုးစားရတာတွေ စစ်တပ်နဲ့ နိုင်ငံရေးသမားကြားက ပရိပက္ခတွေ ကို တော်တော်ပြည့်ပြည့်စုံစုံ ရိုက်ကူးပြသသွားတဲ့ ရုပ်ရှင်ကားကောင်းပါ။ လုံးဝလတ်လွတ်မခံကြည့်သင့်တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Helen Mirren, Alan Rickman, Aron Paul တို့နဲ့ အားဖြည့်ထားပြီး Captain Phillips ရုပ်ရှင်ကားနဲ့ အော်စကာတန်းဝင်မင်းသား Barkhad Abdi တို့က အဓိကပါဝင်အားဖြည့်ထားပြီး X-Men Origins: Wolverine, Ender's Game တို့ရဲ့ ဒါရိုက်တာ Gavin Hood က တာဝန်ယူရိုက်ကူးထားခြင်းဖြစ်ပါတယ်.. Credit to-M-MDB
Translated by : kat pote pote

Finding Dory 2016(မြန်မာစာတန်းထိုး)



Image result for finding dory

Box office မှာ ဝက်ဝက်ကွဲဝင်ငွေစံချိန်ချိုးခဲ့တဲ့ ကားလေးကို ဦးဦးဖျားဖျား HDTS version ဖြင့်တင်ဆက်ပေးလိုက်ရပါတယ် Full HD ထွက်လာပါကလဲ အချိန်မခြာပဲ ချကိခြင်းတင်ဆကိပေးပါဦးမယ်။ Finding Dory ဇာတ်ကားလေးသည် 3D computer-animated adventure ဟာသကားလေးဖြစ်ပြီး Walt Disney ရဲ့ 2016 အတွက် နောက်ထပ်တကားဖြစ်ပြီး 3D animation အတွက်ကိုတော့ Pixar Animation Studios ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ် တကမ္ဘာလုံးမှာ ဒေါ်လာ $287 million အထိရောက်အောင် အောင်မြင်ခဲ့ပြီး June လ 17 နေ့က အမေရိကန်မှာ ရုံတင်ပြသခဲ့တဲ့ ကားလေးဖြစ်ပါတယ် 2003 ကထွက်ရှိခဲ့တဲ့ Finding Nemo နောက်ဆက်တွဲ ကားတကားလဲ ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း ဒီဇာတ်ကားလေးသည် အတိတ်မေ့ရောဂါရနေတဲ့ ငါးလေးDoryကို အခြေခံပြီး သူမရဲ့ မိဘတွေနဲ့ ပြန်လည်ပေါင်းစည်းနိုင်ဖို့ ရှာဖွေတာကနေ စတင်ထားပါတယ်၊ သူမရဲ့ ခရီး တောက်ရှောက်မှာတော့ သူမသည် California public ငါးဥယျာဉ် သို့ဖမ်းဆီးခံလိုက်ရပြီး အဲ့ဒါ ကို Marlin နဲ့ Nemo တို့က ကယ်တင်ဖို့ကြိုးစားပုံတွေ သူတို့ကြိုးစားမှုတွေ အောင်မြင်ရဲ့ လား ဆိုတာ Dory ကကော သူ့မရဲ့ မိဘတွေကို ပြန်တွေ့နိုင်ရဲ့လားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာဆက်လက် ရှုစားပေးပါနော် Quality: HD Rip
Translated by: Scarlet phoenix
Encoded by: Invoker

QuackerZ (2016) မြန်မာစာတန်းထိုး




  QuackerZ (2016) မြန်မာစာတန်းထိုး

လူကြီးရော ကလေးပါ နှစ်ခြိုက်သဘောကျပြီး မိသားစုနဲ့ အတူပျော်ရွှင်ဖွယ်အချိန်တွေဖန်တီးနိုင်မယ့် Animation ဇာတ်ကားကောင်းလေးတစ်ကားကို ဖော်ပြလိုက်ရပါတယ်.။

  ကျွန်းလေးတစ်ခုပေါ်မှာ ငြိမ်းချမ်းစွာနေထိုင်နေကြပြီး မပျံသန်းနိုင်ပဲ ရှေးဟောင်းလျှို့ဝှက်ချက်တွေနဲ့ ပြည့်နေတဲ့ ဘဲဝါမျိုးစိတ်လေးတွေ ဆီကို တစ်နေ့မှာ ခရီးသွားနေလေ့ရှိကြတဲ့ ဘဲခေါင်းစိမ်း မျိုးစိတ်တစ်အုပ်ရောက်ရှိလာခဲ့ကြပါတယ်.။
   ဒေသခံဘဲဝါလေးတွေနဲ့ ဘဲခေါင်းစိတ်တို့ ကြားမကျေနပ်မှု့တွေ ဖြစ်ပေါ်ပြီး တစ်ဖက်နှင့် တစ်ဖက်ရန်စောင်လျှက်ရှိကြပါတယ်.။ သူတို့ နှစ်ဖွဲ့ကြား တင်းမာမှု့တွေဖြစ်နေချိန်မှာ တဘောင် စာသားအရ နေမင်းသခင်ဘဲဝါလေး တွေရဲ့ ဆန်းကြယ်တဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ပြီး စွမ်းအင်တွေရယူချင် သူ လူဆိုးမိန်းမတစ်ဦးနဲ့ သူ့တပည့်၂ ယောက်တို့ဟာ နေမင်းသခင်ဘဲဝါလေးမှတ်ပြီး ဟိုဘက်ဘဲခေါင်းစိမ်းအဖွဲ့ခေါင်းဆောင်ကို ဖမ်းဆီးသွားတဲ့အခါမှာ ဘဲဝါ မင်းသားလေးနဲ့ ဘဲခေါင်းစိမ်းအဖွဲ့ခေါင်းဆောင်ရဲ့ သမီးဖြစ်သူ ဘဲခေါင်းစိမ်းမလေးတို့ဟာ ကျွန်းကြီးကိုရော ဘဲခေါင်းစိမ်းခေါင်းဆောင်ကိုပါ ကယ်တင်ဖို့ ခရီးစတင်ထွက်ရှိရပါတော့တယ်................။

Encode by: Mg Moe Tain
Small File Size Coming Soon

Fear of the Walking Dead (2014) မြန်မာစာတန်းထိုး 720P HD





2010 ခုနှစ်က ထွက်ရှိတဲ့ Walking Dead Tv Series နဲ့ မတူပဲ ဖုတ်ကောင်တွေနဲ့ ကမ္ဘာပျက်ချိန် မဖြစ်ပွားခင်မှာ အခြေတည်ရိုက်ကူးထားတဲ့ Spin-Off ဇာတ်လမ်းတွဲကြီးပါ.။  
ကြောက်စရာကောင်းတဲ့ ဖုတ်ကောင်တွေနဲ့ ကိုယ်အသက်ရှင်ဖို့ပဲကိုယ်သိတဲ့ ဆိုးယုတ်တဲ့စိတ်ဓာတ်နဲ့ လူသားတွေမဖြစ်တည်ခင် Los Angelas မှာ ဇာတ်လမ်းကို အစပြုထားပါတယ်.။ ဖုတ်ကောင် ဗိုင်းရပ်ပ်စ် စတင်ပြန့်ပွားလာပုံ လူသားတွေကို စတင်ကူးစက်ပြီး တစထက်တစအခြေအနေဆိုးရွားလာတဲ့ ကမ္ဘာကြီးမှာ အသက်ရှင်သန်ရေးအတွက် ရုန်းကန်လှုပ်ရှားကြရတဲ့ အကြောင်းကို ကောင်းမွန်တဲ့ အထူးပြုလုပ်ချက်ရိုက်ချက်တွေ မင်းသားမင်းသမီးအသစ်တွေနဲ့ မူလဇာတ်လမ်းနဲ့ မတူတမူထူးခြားတဲ့ Fear of The Walking Dead ဆိုတဲ့ (၂၀၁၄) မှာထွက်ရှိထားတဲ့ Series အသစ်တစ်ခုပါ.။ 
       သည်းထိတ်ရင်ဖို အက်ရှင် ရသတွေ န့ ကြောက်မက်ဖွယ်ရာ ရသကို တနင့်တပိုးကြီး ရယူခံစားချင်တယ်ဆိုရင်တော့ ဒီ Series ကိုလက်လွတ်မခံတမ်းကြည့်ရှု့ကြဖို့ အတွက် တိုက်တွန်းလိုက်ရပါတယ်.။
Translator : Tha Khin Ma
Encoder : Invoker

House Maid (2010) မြန်မာစာတန်းထိုး 18+

House Maid (2010) မြန်မာစာတန်းထိုး 18+

အိမ်ထောင်ရှင်များ၊ ၁၈ နှစ်ကျော်ပြီးသူလူငယ်များကြည့်သင့်တဲ့ အိမ်တွင်း အချစ်ဇာတ်လမ်းပညာပေးဇာတ်ကားတစ်မျိုးလဲ ဖြစ်ပါတယ်.။

  လူချမ်းသာမိသားစုတစ်စုမှာ မိန်းမဖြစ်သူ ကိုယ်ဝန်ရှိနေတာကြောင့် အိမ်မှု့ကိစ္စများကို ပြုလုပ်ပေးရန် အတွက် အိမ်အကူတစ်ယောက်ကိုငှားရမ်းလိုက်ပါတယ်.။ အိမ်အကူဟာ ရုပ်ရည်အရမ်းကြီးချောမောလွန်းတဲ့သူ တစ်ယောက်မဟုတ်သော်ငြားလဲ တောင့်တင်းလှပတဲ့ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်က မက်လောက်စရာအချိုးကျသူတစ်ယောက်ဖြစ်တာကြောင့် အိမ်ရှင်ယောကျာ်းရဲ့ ပြင်းပြတဲ့ ရမ္မက်မီးကို နှိုးဆွပေးသလိုဖြစ်ပြီး သူတို့နှစ်ယောက် စတင်မှောက်မှားကြပါတော့တယ်.။ ကိုယ်ဝန်ရှိနေတဲ့ ဇနီးချောကိုမှအားမနာပဲ ဖောက်ပြားမိတဲ့ လင်ယောကျာ်း ၊ ရမ္မအလိုကိုလိုက်မိတဲ့ အိမ်အကူ တို့ကြား ဖောက်ပြားခံရတဲ့ သနားစရာ အိမ်ရှင်မချောလေးဟာ ယောကျာ်းဖြစ်သူကို သူ့ဘက်ပါလာအောင် ဘယ်လို အချိသပ်ပြီး မိန်းမမာယာတွေအသုံးချမယ်ဆိုတာ သုံးယောက်ကြား အင်မတန်လှပပြီးအချိုးအကွေ့တွေများစွာနဲ့ ဆွဲဆောင်မှု့ပြင်းတဲ့ အချစ်ဇာတ်လမ်းတစပ်ုဒ် ကိုမြင်တွေ့ကြည့်ရှု့ခံစားရမှာပါ.။
  ၁၈+ အခန်းများကလဲ ကြည့်ရှု့သူ ပုရိသအပေါင်းကို အာခေါင်ခြောက်လောက်အောင် ခံစားရစေတာမို့  အရသာရှိတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို လက်တို့တင်ဆက်ပေးလိုက်ရပါတယ်.။


Translate by: Scarlet Phoenix
Encode by: Mg Moe Tain
Pcloud Download Link -600 MB 720P HD


Small File Size Coming Soon




Mid Nigh Special (2016) မြန်မာစာတန်းထိုး



2016 ရဲ့ အကောင်းဆုံး ထိတ်လန့်တုန်လှုပ်ဖွယ်ရာ သိပ္ပံဇာတ်ကားကောင်းတစ်ကား.။

Mid Nigh Special (2016) မြန်မာစာတန်းထိုး

ဇာတ်လမ်းအဖွင့်ကတည်းက သောက်ရမ်းလန်းပါတယ်။ sci-fi thriller ဆိုတာ ခဏလေးအတွင်းမှာဘဲ လုံလုံလောက်လောက် ခံစားလိုက်ရတယ်။ ဇာတ်လမ်း အသိမ်းပိုင်းမှာလည်း မြင်လိုက်ရတဲ့ အရာတွေကြောင့် ပါးစပ် အဟောင်းသား ဖြစ်ခဲ့ရတယ်။ တကယ်တော့ တစ်ကားလုံးမှာ ဆန်းကြယ်တာတွေ စိတ်လှုပ်ရှားစရာတွေနဲ့ ထင်မှတ်မထားတာတွေ အပြည့်ပါ။ Midnight Special ဟာ sci-fi အနေနဲ့ အတော် စိတ်ဝင်စားစရာကောင်းပြီး thriller အနေနဲ့ ဖျော်ဖြေမှုတော်တော်ပေးနိုင်တဲ့ ကားလေးပါ။

ရှိတဲ့ budget နဲ့ sci-fi genre ကို ဒီလောက်အဆင့်ထိ ဖန်တီးနိုင်တာ သက်ဆိုင်သူတွေ တော်တော် တော်ကြပါတယ်။ အထူးသဖြင့် ဒီဇာတ်ကားမှာ writer အဖြစ်ရော ဒါရိုက်တာအဖြစ်ရော တာဝန်ယူထားတဲ့ Jeff Nichols ပေါ့။ ဒီဇာတ်ကား စကြည့်ဖြစ်တဲ့ အကြောင်းအရင်းကလည်း သူနဲ့ သရုပ်ဆောင်တွေကြောင့်လို့ ဆိုရမှာပါ။ ကိုယ်ကြိုက်တဲ့ ဒါရိုက်တာ ကိုယ်ကြိုက်တဲ့ သရုပ်ဆောင်တွေပါရင် ဘာကားဖြစ်ဖြစ် အမြဲတမ်းလိုလို ကြည့်ရတာ စိတ်ကျေနပ်မှုရပါတယ်။ သရုပ်ဆောင်တွေက Michael Shannon, Joel Edgerton, Adam Driver, Kristen Dunst တို့ပါ။ အဓိက ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်တဲ့ ကလေးအပါအဝင် သူတို့ အားလုံး အကောင်းဆုံး သရုပ်ဆောင်သွားကြပါတယ်။ ပြီးတော့ ရုပ်ရှင်နည်းပညာပိုင်းကလဲ ဘက်ဂျက်နဲ့ ယှဉ်လိုက်ရင် ချွင်းချက်မရှိ သာပါတယ်။ အထူးသဖြင့် Cinematography နဲ့ အသုံးပြုတဲ့ effect တွေဟာ အတော်ကောင်းမွန်တာ တွေ့ရပါတယ်။ အသံပိုင်းကလဲ ဇာတ်လမ်းနဲ့လိုက်အောင် thrill ဖြစ်လှပါတယ်။ ကျနော့်အဖို့တော့ အဘက်ဘက်က ပြောစရာမရှိအောင် တော်တော် ကောင်းမွန်တဲ့ budget အသင့်တင့် sci-fi thriller တစ်ကားပါ။ ဇာတ်လမ်းအကြောင်းကိုတော့ မပြောချင်ပါဘူး။ နောက်ပြီး thriller ဖြစ်တာကြောင့် မသိဘဲ ကြည့်တာ ပိုကောင်းပါတယ်။ sci-fi ရောထားပေမယ့်လဲ နားလည်ရခက်တဲ့ လိုက်မမှီတဲ့ science facts တွေ မပါတော့ ဘာမှသိမထားပဲ ကြည့်တာ ပြဿနာမရှိပါဘူး။ ကျနော်ဆို ထရေလာတောင် မကြည့်ခဲ့ပါဘူး။

အထူသဖြင့် Jeff Nichols အရင်ဖန်တီးခဲ့တဲ့ drama thriller တွေဖြစ်တဲ့ Shotgun Stories, Mud, Take Shelter တို့ ကြည်ဖူးတဲ့သူတွေ Midnight Special ကို မကြည့်ရသေးရင် ကြည့်ဖြစ်အောင် ကြည့်ကြပါ။ ဇာတ်ကားကို ကြိုက်မှာ သေချာသလို Jeff ကိုလဲ ပိုပြီး နှစ်သက်လာစေမှာ သေချာပါတယ်။ ဇာတ်ကားက အရမ်းကြီးကောင်းတယ်လို့တော့ မညွှန်းချင်ပါဘူး၊ ဒါပေမယ့် ဒီ budget နဲ့ ဒီလိုကားမျိုးဟာ ကျနော်အဖို့ special ဖြစ်နေတာတော့ အမှန်ပါ။ တစ်နေ့က ကြည့်ခဲ့တဲ့ 10 Cloverfield Lane လဲ ဘက်ဂျက် အသင့်တင့်နဲ့ အတော် သာမွန်တဲ့ sci-fi thriller တစ်ကားပါ။ MIdnight Specail မှာတော့ သူ့ထက် ပိုကြီးမားတဲ့ set အပြင်အဆင်တွေ ရိုက်ကူးရေးနည်းပညာတွေကြောင့် ပိုသဘောကျမိပါတယ်။ တချို့ sci-fi တွေဆိုရင် budget သန်းရာကျော် သုံးတာတောင် ချာတူးလန်တွေအများကြီးပါ ..

ကျနော်ကတော့ drama thriller တွေဘဲ ရိုက်လာတဲ့ ကိုယ်နှစ်သက်တဲ့ ဒါရိုက်တာ တစ်ယောက်ဆီက ဒီလို အဆင့်မြင့်တဲ့ indie sci-fi thriller ကားလေးဖြစ်မြောက်လာတာ ကျေးဇူးတောင် တင်မိပါတယ်။ Jeff ကတော့ သူ့ရဲ့ ဒါရိုက်တာ career revolution စပြီလို့ ဆိုရမှာပါ..။

Review Credit to - Kaung Suk Han
Encode by: Mg Moe Tain
Pcloud Download Link -


Ultimate Spider Man Episode 1 (မြန်မာစာတန်းထိုး)




Ultimate Spider Man Episode 1 (မြန်မာစာတန်းထိုး)

အခန်း ၁  ကြီးကျယ်သော စွမ်းအားစု

   အစွမ်းထက် စူပါဟီးရိုး အစွမ်းရှိသူတစ်ယောက်ဖြစ်ပေမယ့် လူဆိုးတွေကို နှိမ်နှင်းရာမှာ ကချော်ကချွတ်ဖြစ်တတ်လွန်းပြီး ပြည်သူတွေကို အထိအခိုက် အထိတ်တလန့် ဖြစ်စေတာကြောင့် Shield ရဲ့ Director Nickfury ဟာ Spider Man ကို Shield ဌာနမှာ လာရောက်လေ့ကျင့်ပြီး သူ့ရဲ့ အစွမ်းတွေကို မြင့်တင်ပေးဖို့ ဖိတ်ခေါ်ပါတယ်.။ လူငယ်ဆန်ဆန် အချုပ်အနှောင်မခံလိုတဲ့ Peter Packer ဟာ လက်မခံပဲ ပုံမှန်အတိုင်းကျောင်းတက်နေပေမယ့် တစ်နေ့မှာ သူတို့ရဲ့ ကျောင်းကို စူပါဗီလိန်တွေရောက်လာပြီး Peter ကိုလာရှာတဲ့အခါမှာတော့...................။



Translate by: Arkar Hein
Encode by: Mg Moe Tain

Pcloud Download Link 120MB 720P HD

Doctors Korea Drama(မြန်မာစာတန်းထိုး)


Doctors (2016) Korea Series မြန်မာစာတန်းထိုးအခု Dots လို အရမ်း Hot ဖြစ်နေတဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ရာ အချစ် အက်ရှင်ဇာတိလမ်းလေးပါ။Imdb Rating 8.1/10ဒီကားလေးက နှုတ်ခမ်းနီမလေးတွေရော. Kpop ကြိုက်တဲ့ကွီးတွေရော ကြိုက်မဲ့ကားလေးပါ.ထွက်တာမကြာသေးပေမယ့် Feedback တွေအရမ်းကောင်းလို့ ဘာသာပြန်တင်ပေးလိုက်ပါတယ် .။ အက်ရှင်လို့လဲပြောလို့ရသလို ဒရာမာလို့လဲပြောလို့ရပါတယ်ဘာလို့လဲဆိုတော့ ဇာတ်လိုက်ကောင်မလေးက ကျောင်းမှာ လူဆိုးလူမိုက်ကြီးတစ်ယောက်လို အရမ်းကြမ်းတယ်ပေါ့ဗျာ. သူ့ဘ၀ကို လုံခြုံနွေးထွေးမှု့ပေးပြီး လမ်းကြောင်းမှန်တည့်ပေးမယ့် မီးရှုးတန်ဆောင်လို ယောက်ျားတစ်ယောက်နဲ့ မတွေ့ခင်အထိပေါ့..။ ထင်ရာစိုင်းနေတဲ့ ကျောင်းလူမိုက်မလေးတစ်ယောက်ဘ၀ကနေ ဆရာဝန်မလေးတစ်ယောက် ဖြစ်အောင် ကြိုးစားရုန်ကန်ရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အတုယူစရာဇာတ်လမ်းလေးပါ.။ Romantic လဲ ဆန်သလို ဆေးလောကနောက်ခံဇာတ်လမ်းဖြစ်တဲ့ အပြင် အက်ရှင်ခန်းတွေနဲ့ ပါထပ်ဖြည့်ထားတာမို့ စွဲမက်စရာအပြည့်နဲ့ပေါ့......။ထပ်ပြောနေရင် ဇာတ်ကားကို ဖျက်ဆီးသလိုဖြစ်မှာစိုးလို့ ကြည့်သာကြည့်လိုက်ကြပါတော့ဗျာ.။လက်ရှိ ကိုးရီးယားရုပ်သံလိုင်း SBS မှာ ၂ ပိုင်းသာ ပြသရသေးသော်လဲ Imdb Rating ကလဲ 8.1/10 အထိတောင် မြင့်မားစွာရရှိထားတဲ့ ဇာတ်ကားတစ်ကားပါ.။ဘာသာပြန်တောင် ပြန်နေရင်း မျက်ရည်ဝဲတဲ့ကား အဖြစ်အမှတ်တရ ဖြစ်စေခဲ့တဲ့ကားပေါ့.။
Translator :Phyo Min Thant, Scarlet Phoenix, Christine Evangelline
Encoder: Ei Ei Phyu Sin Maung, Mg Moe Tain, Invoker

                                                

Pcloud မှဒေါင်းလုပ် လုပ်နည်း video လေးပါ


God of Cookery (2008)


  မာနအလွန်ကြီးပြီး သူတဖက်သားကို မညှာမတာ နှိမ့်ချပြောဆိုဆက်ဆံတတ်တဲ့ အချက်အပြုတ်နတ်ဘုရားလို့ တင်စားခေါ်ဝေါ်ရတဲ့ အင်မတန်တော်တဲ့ စာဖိုမှုးချောင်ဟာ သူ့ရဲ့ အကျင့်ဆိုးတွေကြော်င့ စီးပွားပြိုင်ဖက်ချင်းအကောက်ကြံခံရပြီး လမ်းဘေးမှာလျှောက်သွားနေရတဲ့ ခြေသလုံးအိမ်တိုင်ဘ၀ကို ရောက်၇ှိခဲ့ပါတယ်.။ လမ်းဘေးဈေးသည်တွေရဲ့ အချက်အပြုတ်နည်းပညာတွေကို အဆင့်မြင့်တင်ပြီး သူ့ရဲ့ ကျရှုံးနေတဲ့ ဘ၀ကို ပြန်လည်ရဖို့ .။ အချက်အပြုတ်နတ်ဘုရားဆိုတဲ့ ဂုဏ်ပုဒ်ကို ပြန်လည်ရယူဖို့အတွက် ဘ၀ရဲ့ အနှစ်သာရတွေကို ရှာဖွေလေ့လာရင်း ပျောက်ဆုံးနေတဲ့ စိတ်နှလုံးသားတွေကို လမ်းပြပေးဖို့ နတ်ဘုရားတပါးပမာ အစွမ်းထက်လာပါတော့တယ်.။
   အင်မတန်ရယ်ရပြီး ဘ၀သင်ခန်းစာများ သိုင်းချခန်းများစွာပါတဲ့ ဟာသအက်ရှင် ဇာတ်ကားကောင်းကြီး တစ်ကားဖြစ်ပါတယ်.။

Translte by: Arkar Hein
Encode by: Mg Moe Tain












Source Code (2011) မြန်မာစာတန်းထိုး



သေဆုံးတော့မယ့် သူတစ်ယောက် သေမင်းကသေမိန့်ချလိုက်ပေမယ့်
စစ်တပ်က သူတို့စစ်သားရဲ့အသက်ကိုဆွဲဆန့်ထားတယ်
ပြီးတော့ သူတို့ရဲ့ ဖြစ်ပြီးသားတွေကိုပြန်ဖော်တဲ့ Program နဲ့ လူနဲ့ပေါင်းလိုက်တဲ့အခါ
ဖြစ်ပြီးခဲ့တဲ့ ဗုံးပေါက်ကွဲမှုကို အခြေခံပြီး ထပ်ဖြစ်မလာအောင်တားဆီးပေးနိုင်မလားဆိုတာကို
ရင်သပ်ရှုမောကြည့်ရမယ့် SOURCE CODE

Translator: Phyo Min Thant
Encoder: Invoker


မာန်နတ်ရဲ့ သတို့သမီး (သို့မဟုတ်) Penny Dreadful Season 1 (မြန်မာစာတန်းထိုး) 18+ 720P HD

ခပ်ကြမ်းကြမ်း ၁၈+ အခန်းတွေ ၊ မာန်နတ်ရဲ့ လက်ပါးစေတွေနဲ့ လူသားတို့အားပြိုင်မှု့တွေ ၊ အင်္ဂလန်သမိုင်းထဲက မိစ္ဆာနှိမ်နင်းသူ Dr.Van Helsing , ဂန္တ၀င်သွေးစုတ်ကောင် Doran Grey .လူသားဖုတ်ကောင်ကြီး Frankenstein , ကိုယ်ပျောက်လူသတ်သမား Jack စတဲ့ အင်္ဂလန်သမိုင်းမှာ ထင်ရှားတဲ့ ဇာတ်ကောင်တွေနဲ့ အမိုက်စား Tv Series တစ်ခုကို တင်ဆက်လိုက်ရပါတယ်.။ တစ်ပိုင်းလောက်ကြည့်ဖူးယုံနဲ့ နောက်အပိုင်းတွေကို ဆွဲခေါ်သွားနိုင်တဲ့ Tv Series အမျိုးအစားမျိုးပါ.။ Imdb Rating 8.2/10 အထိမြင့်မားစွာရရှိထားတဲ့ ကားကောင်းတစ်ခုဖြစ်တာကြောင့် .လက်လွတ်မခံကြပါနဲ့ဦး...  .။
ဇာတ်လမ်းအကျဉ်း..
Vanessa Ives (Green) ဟာ မာရ်နတ်ရဲ့သတို့သမီးအဖြစ်မွေးဖွားလာသူပါ။ အပျိုဘော်ဝင်စအချိန်ကစပြီး သူဘုရားရှိခိုးတဲ့အခါတိုင်း တစုံတယောက်ကသူ့နားနားကပ်ပြောနေသလို တိုးတိုးညှင်းညှင်းအသံတသံကိုကြားရလေ့ရှိပါတယ်။ ၄င်းအသံဟာ ဘုရားကိုစွန့်ပယ်ပြီး အဆုံးမရှိတဲ့တန်ခိုးအာဏာတွေကိုရှာဖွေဖို့သူ့ကိုအဆက်မပြတ်တိုက်တွန်းနေပေမယ့် Vanessa ဟာသူ့ရဲ့ကတ်သလစ်ဘာသာအပေါ်သက်ဝင်ယုံကြည်မှုကိုမစွန့်လွှတ်ခဲ့ပါဘူး။
တနေ့မှာသူ့ငယ်သူငယ်ချင်းကောင်မလေး Mina Harker ကိုသွေးစုတ်ဖုတ်ကောင်တွေက ဖမ်းဆီးသွားတဲ့အခါ Mina ရဲ့အဖေ Malcolm Murray (Dalton) နဲ့ပူးပေါင်းပြီး Mina ကိုပြန်ကယ်ဖို့ကြိုးစားရပါတော့တယ်။ သူ့သူငယ်ချင်းကိုကယ်တင်ဖို့၊ သဘာဝလွန်အန္တရာယ်တွေကိုရင်ဆိုင်ဖို့အတွက် Vanessa ဟာ မာရ်နတ်ရဲ့လက်ဆောင်တခုကို မတတ်သာတဲ့အဆုံးလက်ခံလိုက်ရပါတော့တယ်။ ဒီလိုနဲ့ပဲ ရှေ့ဖြစ်မြင်နိုင်ပြီး တမလွန်ဘုံနဲ့ဆက်သွယ်နိုင်တဲ့အစွမ်းကို ရရှိခဲ့တယ်။
အမေရိကန်နိုင်ငံကဆပ်ကပ်အဖွဲ့တခုနဲ့အတူ Ethan Chandler (Hartnett) ဟာလန်ဒန်မြို့ကိုရောက်ရှိလာခဲ့တယ်။ သူဟာလက်ဖြောင့်သေနတ်သမားဖြစ်ပြီး ဆပ်ကပ်ပွဲမှာပုလင်းခွံတွေကို မလွတ်တမ်းမှန်အောင်သေနတ်နဲ့ပစ်ခတ်တဲ့ပြကွက်ကိုပြသနေတုန်း Vanessa နဲ့တွေ့ဆုံခဲ့တာပါ။ Ethan ရဲ့အစွမ်းကိုသတိထားမိတဲ့အတွက် Malcolm ရဲ့ကိုယ်ရံတော်အဖြစ်အလုပ်လုပ်ပေးဖို့ Vanessa ကကမ်းလှမ်းခဲ့ပါတယ်။
အဲ့ဒီညမှာသူတို့ ၃ ယောက်သားလန်ဒန်မြို့ဆင်ခြေဖုံးတနေရာက Vanessa အာရုံထဲပေါ်လာတဲ့ သွေးစုတ်ဖုတ်ကောင်အသိုက်တခုကိုသွားပြီး Mina ရဲ့သတင်းကိုစုံစမ်းကြပါတယ်။ သွေးစုတ်ဖုတ်ကောင်အချို့ကိုသတ်ဖြတ်ခဲ့ပြီး အလောင်းကိုစစ်ဆေးကြည့်ဖို့ ခန္ဒာဗေဒနားလည်တဲ့သူကိုစုံစမ်းရင်း Malcolm ရဲ့မိတ်ဆွေ Dr Van Helsing ကနေတဆင့် ငယ်ရွယ်တဲ့ဆရာဝန်လေး Victor Frankenstein နဲ့ရင်းနှီးခဲ့ပါတယ်။
လန်ဒန်မြို့ပေါ်ကမင်းစိုးရာဇာတွေကျင်းပတဲ့ကပွဲတွေကိုတက်ရောက်ရင်း Vanessa ဟာချောမောခန့်ငြားပြီး လျှို့ဝှက်တဲ့ Dorian Grey နဲ့တွေ့ဆုံခဲ့သလို၊ Malcolm ကလည်း အထက်တန်းလွှာကဗေဒင်ဆရာမ Evelyn Poole နဲ့ရင်းနှီးခဲ့ပါတယ်။ Ethan ကလည်း ပြည့်တန်ဆာမလေး Brona Croft (Piper) နဲ့ပျော်ပါးရာကနေ တကယ်သံယောဇဉ်တွယ်လာခဲ့ကြတယ်။
Frankenstein ကိုယ်တိုင်ကလည်း သူဖန်တီးခဲ့တဲ့ဖုတ်ကောင်ကြီးရဲ့လက်ကထွက်ပြေးနေရသူပါ။ Malcolm တို့အကူအညီတောင်းလို့ သွေးစုတ်ဖုတ်ကောင်ရဲ့ရုပ်ကြွင်းကိုခွဲစိတ်ကြည့်တဲ့အခါ အရေပြားအောက်ကအသားပေါ်မှာထွင်းထားတဲ့ အီဂျစ်အက္ခရာစာလုံးတွေကို ထူးဆန်းစွာတွေ့ရှိခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Vanessa တို့ဟာစာလုံးတွေရဲ့အဓိပ္ပာယ်ကိုသိရဖို့အတွက် အီဂျစ်ယဉ်ကျေးမှုနဲ့စာပေအကြောင်းကျွမ်းကျင်သူ Dr Ferdinand Lyle ကိုချဉ်းကပ်ခဲ့ကြပါတယ်။
အဲ့ဒီအချိန်မှာပဲ လန်ဒန်မြို့ပေါ်မှာ လူတွေကိုအမဲဖြတ်သလိုသတ်ဖြတ်ထားတဲ့ လူသတ်မှုတွေတခုပြီးတခုပေါ်ပေါက်လာတဲ့အခါ…......
တစ်ပိုင်းကို တစ်နာရီဝန်းကျင်ကြာတဲ့ ဇာတ်လမ်းရှည် စီးရီးမျိုးဖြစ်ပါတယ်.။
Review Credit to-Admin N
Translated by: Scarlet Phoenix
Encode by: Mg Moe Tain
  

 Episode 2 
Episode 1
                                                         
                 





 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger